၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနက် သို့မဟုတ် နက်ပြာရောင် ၀တ်စုံကို အများဆုံး ၀တ်ဆင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသား တို့မူကား ဗမာလူမျိုး ကဲ့သို့ ၀တ်ဆင်ကြသည်က များလေသည်။ အနက်ရောင်၊ နက်ပြာရောင် ၀တ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကိုစုပ်ယူနိုင်ခြင်း၊ အေးသော ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်မှု သက်သာခြင်း စသည့် တို့ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့သည် အများအားဖြင့် မြင့်သော တောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ကြခြင်း ဖြစ်၏။ အနက်ရောင် ၀တ်ဆင်ကြသည့် ပအိုဝ်းတိုင်းရင်းသား တို့၏ မူပိုင်အရောင်ပင် ဖြစ်လေသည်။
အနက်ရောင်၊ နက်ပြာရောင် ၀တ်စုံကို ၀တ်ဆင်ရာတွင် အဖိုးထိုက်တန်သော သက္ကလပ်များကို အထူးအလေးပေး ၀တ်ဆင်ကြ၏။ အမျိုးသား၊ အမျိုးသမီး ၀တ်တစ်စုံသည် ယခုကာလ ဈေးနှုန်းအားဖြင့် သုံးသောင်းကျပ်ခန့်ရှိလေသည်။ အနက်ရောက်၊ နက်ပြာရောင်ဝတ်စုံကို ညီသာစွာ ၀တ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင် ကင်းသည်ကို တွေ့ရပေသည်။
ပအိုဝ်းအမျိုးသမီး ၀တ်စုံတွင် ခေါင်းပေါင်းပုဝါ အပါအ၀င် အင်္ဂါငါးရပ် ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ အနက် သို့မဟုတ် နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊ ခြေသလုံးပတ်၊ စသဖြင့် အဆင့်ဆင့် ၀တ်ဆင်ကြသည်။ ငွေကြေးတတ်နိုင်သူ တို့က ရွှေဆံထိုးအချွန်နှင့် အ၀ိုင်း နှစ်ခုလုံးဖြစ်စေ၊ တစ်ခုတည်းဖြစ်စေ ဆံထုံးတွင် ထိုးစိုက် အလှဆင် ကြသည်။ ဆံထိုးအချွန်သည် ငှက်ပျောဖူး ပုံသဏ္ဍာန်ရှိပြီး၊ အ၀ိုင်းမှာ ကွမ်းသီးလုံး အရွယ်သဏ္ဍာန် ရှိလေသည်။ ဆံထိုးအချွန်သည် နဂါးမ၏ မျက်လုံးသဖွယ် အဖြစ်လည်းကောင်း ဆင်ယင်ကြခြင်း ဖြစ်သည်။ ရွှေဆံထိုးကို ရွှေအနီရောင် တင်ထား၏။ ပအိုဝ်းအမျိုးသမီး များသည်လည်း “တောင်းပို” ခေါ် လွယ်အိတ်ဖြစ်စေ၊ “ဖေါ့” ခေါ် ပလိုင်းလုံးကို ဖြစ်စေ လွယ်လေ့ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား တို့သည် မိမိတို့၏ အနက်ရောင် ၀တ်စားဆင်ယင်မှုကို ခုံမင်နှစ်သက်စွာ ၀တ်ဆင်လျက် ရှိကြသည်။ အထူးသဖြင့် အလှူပွဲများ ကျင်းပချိန်တွင် အနက်ရောင်၊ နက်ပြာရောင် ၀တ်စုံများဖြင့် စည်းလုံး ညီညွတ်စွာ တွေ့ရပေသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား များသည် ရိုးရာဝတ်စား ဆင်ယင်မှု ၀တ်ဆင်မှု နည်းသည်ကို တွေ့ရပေသည်။ တချို့ အရပ်ဒေသများတွင် ပအိုဝ်းဘာသာစကား ကိုပင် ပြောဆိုမှု နည်းသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အသက် ဖြစ်သဖြင့် မိမိတို့လူမျိုး၏ ယဉ်ကျေးမှု မတိမ်ကော မပျောက်ကွယ် စေရန် မိမိတို့ လူမျိုး၏ ဘာသာစကားကို ပြောဆိုခြင်းနှင့် ၀တ်စားဆင်ယင်မှုဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပေသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့ အများဆုံး နေထိုင်သော မြို့နယ်များမှာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ကလော၊ လွိုင်လင်၊ ပင်းတယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲ၊ လဲချား စသည်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖားအံ၊ ကော့ကရိတ်၊ စသည့် ဒေသများတွင်လည်း အများဆုံး ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသား တို့သည် ခြံလုပ်ငန်းဖြင့် အသက်မွေး ကြသဖြင့် ကျေးရွာကို တည်ထောင်ရာတွင် စိုက်ပျိုးရေး အတွက် မြေသြဇာ ကောင်းမွန်သည့် ဒေသကို အဓိက ထားကြသည်။ ပအိုဝ်းတိုင်းရင်းသား တို့သည် အိမ်ဆယ်လုံးခန့် ရှိလျှင် ရွာအဖြစ် သတ်မှတ်လေ့ ရှိကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှ အိမ်ငါးဆယ်မှ တစ်ရာအထိ ရှိကြသည်။ ရွာပုံစံမှာ ရွာဝိုင်းများ၏။
အိမ် ဆောက်လုပ်ရာတွင် စီးပွားရေး အခြေအနေကို လိုက်၍ ၀ါး၊ သစ်သား၊ အင်္ဂတေအိမ်များကို ဆောက်လုပ် နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသများတွင် မြို့ကြီးများသဖွယ် တိုက်အိမ်များကို ဆောက်လုပ် နေထိုင်ကြသည်။ ဥပမာအားဖြင့် အောင်ပန်း-လွိုင်ကော်ကားလမ်း တစ်လျှောက်တွင် တွေ့နိုင်ပေသည်။ (ပျံ့နှံ့နေထိုင်ရာ ဒေသများ၏အမည်များကို အပြည့်အစုံ မဖော်ပြ တော့ဘဲ ခရိုင်အလိုက် ဖော်ပြခြင်း ဖြစ်ပါသည်။)
ပအိုဝ်းတိုင်းရင်းသား တို့သည် မိမိတို့၏ စီးပွားရေးအတွက် မြေသြဇာ၊ ရေရရှိမှု၊ လမ်းပန်း ဆက်သွယ်ရေး တို့ကို အဓိက ထားကြသည်။ ချောင်းရေကို အထူးအဓိက ထားကြသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် ရေတွင်းတူး၍ သုံးစွဲခြင်း မရှိသလောက် ရှားသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် သနပ်ဖက်၊ လက်ဖက်၊ အာလူး၊ ကြက်သွန်ဖြူ၊ စပါး၊ ဂျုံ၊ ဂျင်း၊ နနွင်း၊ နာနတ်သီး၊ လိမ္မော်သီး၊ ဂျင်း၊ ပန်းနှမ်း၊ မြေပဲ၊ ဟင်းသီးဟင်းရွက် သီးနှံများကို စိုက်ပျိုး အသက်မွေးကြသည်။
ပအိုဝ်းတိုင်းရင်းသား တို့သည် ၀န်ထမ်းဖြင့် အသက်မွေးသူများ ရှားပါးလှသည်။ မြေကို အရင်းအနှီးပြု၍ ကာယလုပ်အားဖြင့် မိမိတို့ မိသားစု၏ စားဝတ်နေရေး ဘ၀ကို ရည်တည်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား များသည် ခြံလုပ်ငန်းကို အားသွန်ခွန်စိုက် အလုပ်လုပ်ကြသဖြင့် အခြား တိုင်းရင်းသားများထက် စီးပွားရေးဖွံ့ဖြိုး ကြသည်ကို ပအိုဝ်းဒေသကို ရောက်ဖူးပါက သိနိုင်ပေသည်။ ခေတ်မီ နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်ပါက စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက် လာနိုင်ပေသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် အနက် သို့မဟုတ် နက်ပြာရောင် ၀တ်စုံကို အများဆုံး ၀တ်ဆင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသား တို့မူကား ဗမာလူမျိုး ကဲ့သို့ ၀တ်ဆင်ကြသည်က များလေသည်။ အနက်ရောင်၊ နက်ပြာရောင် ၀တ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကိုစုပ်ယူနိုင်ခြင်း၊ အေးသော ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်မှု သက်သာခြင်း စသည့် တို့ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့သည် အများအားဖြင့် မြင့်သော တောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ကြခြင်း ဖြစ်၏။ အနက်ရောင် ၀တ်ဆင်ကြသည့် ပအိုဝ်းတိုင်းရင်းသား တို့၏ မူပိုင်အရောင်ပင် ဖြစ်လေသည်။
အနက်ရောင်၊ နက်ပြာရောင် ၀တ်စုံကို ၀တ်ဆင်ရာတွင် အဖိုးထိုက်တန်သော သက္ကလပ်များကို အထူးအလေးပေး ၀တ်ဆင်ကြ၏။ အမျိုးသား၊ အမျိုးသမီး ၀တ်တစ်စုံသည် ယခုကာလ ဈေးနှုန်းအားဖြင့် သုံးသောင်းကျပ်ခန့်ရှိလေသည်။ အနက်ရောက်၊ နက်ပြာရောင်ဝတ်စုံကို ညီသာစွာ ၀တ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင် ကင်းသည်ကို တွေ့ရပေသည်။
အမျိုးသားဝတ်စုံ
အမျိုးသားများသည် ဘောင်းဘီပွ၊ အပေါ်အင်္ကျီ (တိုက်ပုံအင်္ကျီ) အနက်ရောင်၊ နက်ပြာရောင် ၀တ်ဆင်ပြီး အတွင်းတွင် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ကြသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လာသော ခေါင်းပေါင်း ရောင်စုံကို ပေါင်းထားကြပြီး ပခုံးထက်တွင် တောင်းပိုခေါ် လွယ်အိတ်ကို လွယ်လေ့ ရှိသည်။အမျိုးသမီးဝတ်စုံ
အမျိုးသမီးဝတ်စုံမှာ အခြား တိုင်းရင်းသူများနှင့် မတူဘဲ ထူးခြားလျက်ရှိ၏။ ပအိုဝ်းတိုင်းရင်းသား တို့သည် အဖ၀ိဇ္ဇာဇော်ဂျီ၊ အမိနဂါးမမှ ဆင်းသက်လာသည်ဟု ယုံကြည် ယူဆထားကြသဖြင့် အမျိုးသမီး၏ ဆင်ယင်ထုံးဖွဲ့ပုံသည် နဂါးမနှင့် တူလှသည်ကို တွေ့ရပေသည်။ပအိုဝ်းအမျိုးသမီး ၀တ်စုံတွင် ခေါင်းပေါင်းပုဝါ အပါအ၀င် အင်္ဂါငါးရပ် ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ အနက် သို့မဟုတ် နက်ပြာရောင် သင်တိုင်းအင်္ကျီ၊ အင်္ကျီလက်ရှည်၊ ထမီ၊ ခြေသလုံးပတ်၊ စသဖြင့် အဆင့်ဆင့် ၀တ်ဆင်ကြသည်။ ငွေကြေးတတ်နိုင်သူ တို့က ရွှေဆံထိုးအချွန်နှင့် အ၀ိုင်း နှစ်ခုလုံးဖြစ်စေ၊ တစ်ခုတည်းဖြစ်စေ ဆံထုံးတွင် ထိုးစိုက် အလှဆင် ကြသည်။ ဆံထိုးအချွန်သည် ငှက်ပျောဖူး ပုံသဏ္ဍာန်ရှိပြီး၊ အ၀ိုင်းမှာ ကွမ်းသီးလုံး အရွယ်သဏ္ဍာန် ရှိလေသည်။ ဆံထိုးအချွန်သည် နဂါးမ၏ မျက်လုံးသဖွယ် အဖြစ်လည်းကောင်း ဆင်ယင်ကြခြင်း ဖြစ်သည်။ ရွှေဆံထိုးကို ရွှေအနီရောင် တင်ထား၏။ ပအိုဝ်းအမျိုးသမီး များသည်လည်း “တောင်းပို” ခေါ် လွယ်အိတ်ဖြစ်စေ၊ “ဖေါ့” ခေါ် ပလိုင်းလုံးကို ဖြစ်စေ လွယ်လေ့ရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား တို့သည် မိမိတို့၏ အနက်ရောင် ၀တ်စားဆင်ယင်မှုကို ခုံမင်နှစ်သက်စွာ ၀တ်ဆင်လျက် ရှိကြသည်။ အထူးသဖြင့် အလှူပွဲများ ကျင်းပချိန်တွင် အနက်ရောင်၊ နက်ပြာရောင် ၀တ်စုံများဖြင့် စည်းလုံး ညီညွတ်စွာ တွေ့ရပေသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား များသည် ရိုးရာဝတ်စား ဆင်ယင်မှု ၀တ်ဆင်မှု နည်းသည်ကို တွေ့ရပေသည်။ တချို့ အရပ်ဒေသများတွင် ပအိုဝ်းဘာသာစကား ကိုပင် ပြောဆိုမှု နည်းသည်ကို တွေ့ရသည်။ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏ အသက် ဖြစ်သဖြင့် မိမိတို့လူမျိုး၏ ယဉ်ကျေးမှု မတိမ်ကော မပျောက်ကွယ် စေရန် မိမိတို့ လူမျိုး၏ ဘာသာစကားကို ပြောဆိုခြင်းနှင့် ၀တ်စားဆင်ယင်မှုဖြင့် ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ပေသည်။
လူဦးရေနှင့်ပျံ့နှံ့နေထိုင်ရာဒေသ
လွန်ခဲ့သော အနှစ်(၇၀)ကျော်၊ ၁၉၃၁-ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်းလူဦးရေသည် ၂၂၅၈၂၂ဖြစ်သည်ဟု သိရသည်။ ယခုအခါ (၁၃) သိန်းခန့် ရှိသည်ဟုသိရသည်။ ပအိုဝ်းတိုင်းရင်းသား တို့သည် မြန်မာနိုင်ငံ အရှေ့ဘက် နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မြန်မာနိုင်ငံ အလယ်ပိုင်း တို့တွင် ပျံ့နှံ့ နေထိုင်လျက် ရှိကြသည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာနယ်စပ် တွင်လည်း ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့ အများဆုံး နေထိုင်သော မြို့နယ်များမှာ တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ကလော၊ လွိုင်လင်၊ ပင်းတယ၊ နမ့်စန်၊ ညောင်ရွှေ၊ ရွာငံ၊ ရပ်စောက်၊ ဖယ်ခုံ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ မိုးနဲ၊ လဲချား စသည်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် တောင်ငူခရိုင် ဇရပ်ကြီးဒေသ၊ ပဲခူးခရိုင်၊ သထုံခရိုင်၊ ဖားအံ၊ ကော့ကရိတ်၊ စသည့် ဒေသများတွင်လည်း အများဆုံး ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသား တို့သည် ခြံလုပ်ငန်းဖြင့် အသက်မွေး ကြသဖြင့် ကျေးရွာကို တည်ထောင်ရာတွင် စိုက်ပျိုးရေး အတွက် မြေသြဇာ ကောင်းမွန်သည့် ဒေသကို အဓိက ထားကြသည်။ ပအိုဝ်းတိုင်းရင်းသား တို့သည် အိမ်ဆယ်လုံးခန့် ရှိလျှင် ရွာအဖြစ် သတ်မှတ်လေ့ ရှိကြ၏။ ရွာတစ်ရွာလျှင် ပျမ်းမျှ အိမ်ငါးဆယ်မှ တစ်ရာအထိ ရှိကြသည်။ ရွာပုံစံမှာ ရွာဝိုင်းများ၏။
အိမ် ဆောက်လုပ်ရာတွင် စီးပွားရေး အခြေအနေကို လိုက်၍ ၀ါး၊ သစ်သား၊ အင်္ဂတေအိမ်များကို ဆောက်လုပ် နေထိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော ဒေသများတွင် မြို့ကြီးများသဖွယ် တိုက်အိမ်များကို ဆောက်လုပ် နေထိုင်ကြသည်။ ဥပမာအားဖြင့် အောင်ပန်း-လွိုင်ကော်ကားလမ်း တစ်လျှောက်တွင် တွေ့နိုင်ပေသည်။ (ပျံ့နှံ့နေထိုင်ရာ ဒေသများ၏အမည်များကို အပြည့်အစုံ မဖော်ပြ တော့ဘဲ ခရိုင်အလိုက် ဖော်ပြခြင်း ဖြစ်ပါသည်။)
အဓိက စိုက်ပျိုးသီးနှံနှင့် စီးပွားရေး
ပအိုဝ်းတိုင်းရင်းသား တို့သည် ခြံလုပ်ငန်းဖြင့် အသက်မွေးကြသဖြင့် ခြံစိုက်ပျိုးရေးအတွက် မြေသြဇာ ကောင်းမွန်သည့် ဒေသကို အဓိက ထားကြသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း၊ လယ်ယာကိုင်းကျွန်း၊ စပါးနှင့်ရာဘာ စသည့် ဥယျဉ်ခြံများဖြင့် အသက်မွေးကြသည်။ပအိုဝ်းတိုင်းရင်းသား တို့သည် မိမိတို့၏ စီးပွားရေးအတွက် မြေသြဇာ၊ ရေရရှိမှု၊ လမ်းပန်း ဆက်သွယ်ရေး တို့ကို အဓိက ထားကြသည်။ ချောင်းရေကို အထူးအဓိက ထားကြသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် ရေတွင်းတူး၍ သုံးစွဲခြင်း မရှိသလောက် ရှားသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် သနပ်ဖက်၊ လက်ဖက်၊ အာလူး၊ ကြက်သွန်ဖြူ၊ စပါး၊ ဂျုံ၊ ဂျင်း၊ နနွင်း၊ နာနတ်သီး၊ လိမ္မော်သီး၊ ဂျင်း၊ ပန်းနှမ်း၊ မြေပဲ၊ ဟင်းသီးဟင်းရွက် သီးနှံများကို စိုက်ပျိုး အသက်မွေးကြသည်။
ပအိုဝ်းတိုင်းရင်းသား တို့သည် ၀န်ထမ်းဖြင့် အသက်မွေးသူများ ရှားပါးလှသည်။ မြေကို အရင်းအနှီးပြု၍ ကာယလုပ်အားဖြင့် မိမိတို့ မိသားစု၏ စားဝတ်နေရေး ဘ၀ကို ရည်တည်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသား များသည် ခြံလုပ်ငန်းကို အားသွန်ခွန်စိုက် အလုပ်လုပ်ကြသဖြင့် အခြား တိုင်းရင်းသားများထက် စီးပွားရေးဖွံ့ဖြိုး ကြသည်ကို ပအိုဝ်းဒေသကို ရောက်ဖူးပါက သိနိုင်ပေသည်။ ခေတ်မီ နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်ပါက စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက် လာနိုင်ပေသည်။
ကိုးကား ။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ပြုစု ထုတ်ဝေသော (၁၅) နှစ်ပြည့် ငြိမ်းချမ်းရေး အထိမ်းအမှတ် “ပြည်ထောင်စုထဲက ပအိုဝ်း” စာအုပ်မှ ထုတ်နှုတ်ဖေါ်ပြသည်။
Like On Facebook
Follow On Twitter
Subscribe On RSS