Thursday, December 26, 2013

(၁၃) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်
 
photo - Khun Lan Phyu
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၅-၁၂-၂၀၁၃) ရက်နေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာ ဘောလုံးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
photo - Khun lan Phyu
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အနယ်နယ်အရပ်ရပ်မှ အကြီးတန်း ဘောလုံးအသင်း (၁၂) သင်းနှင့် အငယ်တန်း (လူသစ်တန်း) ဘောလုံးအသင်း (၇၅) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 
 
photo - Khun Lan Phyu
ဖွင့်ပွဲနေ့တွင် အကြီးတန်းပြိုင်ပွဲအဖြင့် တောင်ကြီးမြို့နယ်အသင်းနှင့် ကျောက်တလုံးကြီးမြို့နယ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားခဲ့ရာ တောင်ကြီးမြို့နယ်အသင်းမှ (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရပါသည်။ 
 
photo - Khun Lan Phyu
ဆက်လက်၍ လူသစ်တန်းအသင်းများမှ နောင်ကား (၁) ဘောလုံးကွင်းနှင့် နောင်ကား (၂) ဘောလုံးကွင်းတို့၌ ဆက်လက်ယှဉ်ပြိုင်ကစားသွားခဲ့ကြောင်း သိရှိရပါသည်။
 
photo - Khun Lan Phyu


KMT (တောင်ကြီး)
Powered by Blogger.