Monday, March 10, 2014

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် နှင့် အဖွဲ့ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ


 တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၀) ရက်
 
Photo - Khun Jack
 ၂၀၁၄ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်တို့သည် အဖွဲ့ဝင်များလိုက်ပါလျက် ဟိုပုံးမြို၊ နောင်တောင်း ပရဟိတကျောင်း ဆရာတော်အား သွားရောက်ဖူးမြော် ကန်တော့ခဲ့ပြီး ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိပါသည်။
 

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များသည် ဟိုပုံးမြို့၊ နောင်တောင်း ပရဟိတကျောင်းသို့ နံနက် (၉း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိပြီး ဦးစွာပထမ ဆရာတော်နှင့် သံဃာတော်များထံမှ ငါးပါးသီလခံယူကာ သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် ပရဟိတကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး၊ ဖြားတန်အောင်ခမ်းထီမှ ကျောင်းသား၊ ကျောင်းသူများအား သြ၀ါဒစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် နောင်တောင်း ပရဟိတကျောင်း ဆရာတော်ဘုရားမှ ဖြားတန်အောင်ခမ်းထီနှင့် အဖွဲ့အား ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ဆောင်၊ ထမင်းစားဆောင်နှင့် အိမ်ခန်းဆောင်များကို လိုက်လံပြသပေးခဲ့ပါသည်။
 

ထို့နောက် ဖြားတန်အောင်ခမ်းထီနှင့်အဖွဲ့သည် နောင်တောင်း ပရဟိတကျောင်းမှအပြန်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး ၀န်ထမ်းအိမ်ရာနှင့် ဟိုပုံးမြို့တော်ခန်းမ တည်ဆောက်နေမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
 











ခွန်ဂျက် (ခွန်ဖြားဗွာခမ်း)

Powered by Blogger.