တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၇) ရက်
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အတွင်းရှိ ပအိုဝ်းကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများ စုပေါင်း၍ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၊ ၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျရောက်သော ပအိုဝ်းအမျိုးသားနေ့ (ဒဲဉ်သီးလာဗွေ) အခမ်းအနားကို ရွာဝိုင်းကြီးကျေးရွာတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ ရပ်ဝေး ရပ်နီးမှ ပအိုဝ်းသံဃာတော်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အခြားတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ပအိုဝ်းလူငယ်မောင်မယ်များ စုံစုံညီညီ တက်ရောက်ကြကြောင်း သိရှိရပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် ပျံ့နှံ့နေထိုင်လျှက်ရှိကြကြောင်း လည်း သိရှိရပါသည်။
ခွန်ဌေးနိုင် (ခေတ္တ-နေပြည်တော်)
Like On Facebook
Follow On Twitter
Subscribe On RSS