Monday, March 3, 2014

တောင်ရိုးတိုင်းရင်းသားများ ရိုးရာ ယဉ်ကျေးမှု စုံညီပွဲတော်ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၄) ရက်



တောင်ရိုးစားပေနှင့် ယဉ်ကျေးမှု အသင်း (ဗပာို) က ကြီးမှူးကျင်းပသော (ပဉ္စမအကြိမ်) တောင်ရိုး တိုင်းရင်းသား များရိုးရာ ယဉ်ကျေးမှု စုံညီပွဲတော်ကို ( ၃.၃.၂၀၁၄ ) ရက်နေ့တွင် ကလောမြို့နယ် ဘော်နင်းကျေးရွာ အုပ်စု၊ ဘော်နင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစုံညီပွဲတော်သို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ရှမ်းပြည်နယ် ပြည်နယ်လွတ်တော် ဥက္ကှ ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဌနှင့် အဖွဲ့ ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO ) မှ တွဲဖက် အတွင်းရေးမှူး (၂) ဦးခွန်လာ ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ အစည်းများ ၊ လူမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
စုံညီပွဲပထမပိုင်းတွင် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ မှ ရိုးရာယဉ်ကျေးမှုအကများ ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ပြည်နယ် လွှတ်တော်ဥက္ကဌ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသေဒသဦးစီး ဥက္ကဌ တို့မှ အမှာစကား အသီးသီးပြော ကြားခဲ့ပါသည်။ ဆက်လက်ပြီး စုံညီပွဲတက်ရောက် အဖွဲ့ အစည်း အသီးသီမှ တောင်ရိုးတိုင်းရင်းသား များ ရိုးရာယဉ်ကျေးမှု စုံညီပွဲတော် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြကြောင်း သိရှိရပါသည်။
K.M.T
Powered by Blogger.