Thursday, December 18, 2014

မျိုးဆက်သစ်လူငယ်များ အမြင်ဖွင့်နှင့် စွမ်းရည်မြှင့်သင်တန်းများ ပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်


၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက် ၊ ကြာသပတေးနေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးစီးကျင်းပသော မျိုးဆက်သစ်များ အမြင်ဖွင့်နှင့် စွမ်းရည်မြှင့်သင်တန်းများ ပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကာရာမကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ သူရိယခမ်းမှ ခမ်းဗွေ ဦးလှမြင့်၊ လေ့ကျင့်ရေး ပညာပေးရေးဌာနရှိ ဆရာစောခွန်ကျော်ဝင်းနှင့် ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။


အခမ်းအနားတွင် သူရိယခမ်းခမ်းဗွေ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ နှင့် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုတို့က အမှာစကားပြောကြား၍ ဆရာစောခွန်ကျော်ဝင်းမှ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို တင်ပြခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ဆီဆိုင်မြို့နယ် ဥက္ကဌ ဦးခွန်ဆန်းဖေက ဆီဆိုင်မြို့နယ် မျိုးဆက်သစ်လူငယ်များအား စွမ်းရည်မြှင့်သင်တန်း ပြန်လည်ပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ် ချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းကဲ့သို့ ၂၀၁၄ ခုနှစ်၊ မတ်လမှ သြဂုတ်လအထိ မျိုးဆက်သစ်လူငယ်များအား စွမ်းရည်မြှင့်သင်တန်း ပြန်လည်ပို့ချပေးသော သင်တန်းနည်းပြဆရာ/ဆရာမ မျာအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားများကို ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ် အတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နန်းညိုညိုချော

Powered by Blogger.