တောင်ကြီး၊ ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်
၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို)မှ ဦးဆောင်၍ ပအိုဝ်းအမျိုးသားဘုရားစေတီတော် စိန်ဖူးတော်တင်ရန်နှင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော် ကျင်းပရန်ကိစ္စကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ၄င်းတွေ့ဆုံပွဲတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့(ဗဟို) ဥက္ကဋ္ဌဦးဝင်းကို၊ ဒုက္ကဋ္ဌဦးခွန်မင်းကျော်နှင့် ဖိတ်ကြားထားသော လူကြီးမင်းများ တက်ရောက်ခဲ့ပါသည်။ ရှေ့ဦးစွာ ဥက္ကဋ္ဌဦးဝင်းကိုမှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားမှူးဦးသောင်းစိန်မှ တွေ့ဆုံပွဲခေါ်ရခြင်းအကြောင်းကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဦးခွန်မင်းကျော်မှ ပအိုဝ်းအမျိုးသားဘုရားစေတီတော် စိန်ဖူးတော်တင်ရန်နှင့် ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဖြစ်မြောက်ရေးအတွက် ကော်မတီ ဖွဲ့စည်းရန်ကိစ္စကို တင်ပြဆွေးနွေးသွားပါသည်။
ခွန်အောင်မျိုးဦး
Like On Facebook
Follow On Twitter
Subscribe On RSS