တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ (၂၁)ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ PLCOရုံးတွင် World Bank ကိုယ်စားလှယ်များနှင့် ကုန်သည်ပွဲစားများ၊ တောင်သူအဖွဲ့များ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေ့ဦးစွာ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဒု-ဥက္ကဌ ဦးခွန်တင်မောင်က အဖွင့်ကြိုဆိုစကားပြောကြားပြီး World Bank ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲသို့ ကြွရောက်လာသော လူကြီးမင်းများအား ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့ပါသည်။ ထို့နောက် World Bank ကိုယ်စားလှယ်များက မြန်မာနိုင်ငံသို့လာရသော အကြောင်းရင်း နှင့် World Bank ၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းဆွေးနွေးပွဲတွင် ကုန်သည်ပွဲစားများ၊ သီးနှံစိုက်ပျိုးတောင်သူများ၊ လူမူကူညီရေးအသင်းများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ World Bank ကိုယ်စားလှယ်များသည် အစိုးရ၏ ကမ်းလှမ်းချက်အရ ၂၀၁၃-ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားလူမျိုးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကုန်သွယ်မှု၊ ရောင်းဝယ်မှု၊ ကုန်ထုတ်လုပ်မှု၊ စက်မှုလက်မှု အခြေအနေ အစရှိသည့် အခြေခံဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို လေ့လာသုသေတနပြုခွင့် ရခဲ့ပါကြောင်း၊ ယင်းလိုအပ်ချက်အစီရင်ခံစာ လိုအပ်ချက်များကို အစိုးရသို့တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS