Thursday, February 12, 2015

ရှမ်းပြည်နယ်၊ (၆၆)ကြိမ်မြှောက် ပြည်ထောင်စုနေ့အခမ်းအနားကို အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်




(၆၆)ကြိမ်မြှောက် ပြည်ထောင်စုနေ့အခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်၊ ကြာသပတေးနေ့၊ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပသွားခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အရာရှိလူကြီးမင်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ အထူးဧည့်သည် တော်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့၊ တောင်ကြီးမြို့နယ် ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ဆရာဝန်များနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ကြွရောက်လာကြသော ဂုဏ်ကျက်သရေရှိ လူကြီးမင်းများနှင့် မိဘပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောရဲဘော်အပေါင်းနှင့် အာဇာနည်တို့အား အလေးပြုပြီး (တပ်မတော်+မြန်မာနိုင်ငံရဲတပ်ဖွဲ့)တို့က သစ္စာလေးချက် ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံဆိုင်က ပြည်ထောင်စုသမ္မတ အစိုးရ ဦးသိန်းစိန်မှ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားနာခံ၍ စစ်ရေးပြမှူးကြီးမှ တန်းဖြုတ်ခွင့်တောင်းခံပြီး လွှတ်တော်ဥက္ကဌ ပြန်လည်ထွက်ခွာခဲ့ပါသည်။
ပြည်ထောင်စုနေ့ အထိမ်အမှတ်အဖြင့် ရှမ်းပြည်နယ် မီးသတ်ဖွဲ့ပြခန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ပြခန်း၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုပြခန်း စသဖြင့် ပြခန်းပေါင်း(၂၀)နှင့် ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်များကျင်းပသွားကြောင်း သိရှိရပါသည်။
 
ခွန်ထင်းလေအောင်း
Powered by Blogger.