Friday, February 27, 2015

လွိုင်လင်မြို့နယ်၊ ကရောင်းကျေးရွာအုပ်စု၊ ပန်တင်းဗေားအရပ်တွင် ရွှေစရံကိုးန၀င်းစေတီတော် အုတ်မြစ်ချပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်



၂၀၁၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် လွိုင်လင်မြို့နယ်၊ ကရောင်းကျေးရွာအုပ်စု၊ ပန်းတင်ဗေားအရပ် နံနက် (၉) နာရီအချိန်တွင် ရွှေစရံကိုးန၀င်းစေတီတော် အုတ်မြစ်ချပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါစေတီတော်အုတ်မြစ်ချပွဲတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ မိသာစုဝင်များနှင့် အဖွဲ့များက တက်ရောက်ပူဇော် အုတ်ဖြစ်ချခဲ့ပါသည်။ စေတီတော် တည်ထားကိုးကွယ်ရခြင်းမှာ ပအိုဝ်းတမျိုးသားလုံး ဖိနှိပ်ချုပ်ချယ်ခံရသည့် ဘ၀မှ လွှတ်ကင်းရန်၊ သံသရာဝဋ်ဒုက္ခမှ လွှတ်မြောက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ မိသားစုဝင်များနှင့် အဖွဲ့များသည် နောင်ခွပ် ဘုန်းတော်ကြီးကျောင်း၊ ၀ါးခရာဘုန်တော်ကြီးကျောင်း၊ ၀မ်အဲဉ်ဘုန်းတော်ကြီးကျောင်းသို့ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထွိုင်
Powered by Blogger.