Tuesday, February 10, 2015

အမေရိကန်သံအမတ် ဒဲရစ်ဒ်မစ်ရှဲလ်(Derek Michelle) နှင့် အာရှရေးရာ ၀န်ကြီး မာစီယယ်(Masiel)တို့ နောင်တောင်း Access ကျောင်းသား/သူများကို လာရောက်တွေ့ဆုံအားပေး

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်



၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်၊ သောကြာနေ့၊ ဟိုပုံးမြို့နယ်၊ နောင်တောင်း မြရတနာ လူငယ်ဖွံ့ဖြိုးရေးခန်းမတွင် အမေရိကန်သံအမတ် ဒဲရစ်ဒ်မစ်ရှဲလ်(Derek Michelle) နှင့် အာရှရေးရာ ၀န်ကြီး မာစီယယ်(Masiel)တို့က နောင်တောင်း Access ကျောင်းသား/သူများကို လာရောက် တွေ့ဆုံအားပေးခဲ့ပါသည်။
ဤသို့တွေ့ဆုံရာတွင် အမေရိကန်သံအမတ်က ဤကဲ့သို့ ဆရာတော်တကွ ကျောင်းသား/သူနှင့် လူကြီးမင်းများကို တွေ့ဆုံခွင့်ရသည်မှာ ၀မ်းသာမိပါကြောင်း၊ မြန်မာနိုင်ငံတွင် သယံဇာတများ ပေါ်ကြွယ်ဝလွန်းကြောင်း၊ ဤသည်မှာ အခြားမဟုတ် လူငယ်များပင်ဖြစ်ကြောင်း၊ အခုလို အင်္ဂလိပ်ဘာသာရပ်များကို ပျော်ပျော်ရွှင်ရွှင်သင်ကြားနေသည်ကို အားရကျေနပ်မိပါကြောင်း၊ ကျောင်းသူကျောင်းသားများကို အများပြည်သူအားကိုးနိုင်အောင် ဆက်လက်ကြိုးစားသွားစေလိုကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ နောင်တောင်း အင်္ဂလိပ်စာကြည့်တိုက်များကို ကြည့်ရှုလေ့လောပြီး ဆရာတော်နှင့်တကွ တာဝန်ရှိလူကြီးမင်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။ ထိုနောက် အမှတ်တရ ပအိုဝ်းရိုးရာလွယ်အိပ်များနှင့် ဓာတ်ပုံများရိုက်ကူးပြီး နောင်တောင်း ပရဟိတ စာသင်ကျောင်းကို ကြည့်ရှုလေ့လာခဲ့ပါကြောင်းနှင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ ပညာရေးကို ပိုမိုအရေးပေးစေလိုသည်ကို ပြောကြားသွားပါကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.