Saturday, February 21, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်မှုဆောင် ဖွဲ့စည်းခြင်း အထိမ်းအမှတ် ပထမရက် ဟောပြောပွဲအခမ်းအနား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်

စာရေးဆရာ ဦးကျော်ဝင်းမှ ဟောပြောနေစဉ်
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ စနေနေ့ နံနက် (၉း၃၀) အချိန်တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်မှုဆောင် ဖွဲ့စည်းခြင်း  အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို  (၃) ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပြီး နောက်ဆုံးညတွင် ဖျော်ဖြေရေးအစီအစဉ်အဖြင့် ပအိုဝ်းအမျိုးသား နာမည်ကျော် အဆိုတော်များ ပါဝင်သော စတိတ်ရှိုး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တက်ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်များ၊ အဖွဲ့ဝင်များ
ဤအခမ်းအနားသို့ အနယ်နယ် အရပ်ရပ်မှ ဆရာတော်/ သံဃာတော်များ၊ (PNO) ဗဟိုကော်မတီဝင်များ၊  တောင်ကြီး၊  ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊  နောင်တရားမြို့နယ်ခွဲ၊  ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ လွိုင်လင်၊ နမ့်စန်၊ မောက်မယ်၊ ပင်လုံ၊ ကလော၊ ရပ်စောက်၊ သထုံ၊ ဘားအံ့၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ ထန်းတပင်စသည့် မြို့နယ်များမှ တက်ရောက်လာ ဧည့်သည်တော်များ၊ မြို့နယ်အလိုက် ဗဟိုအလုပ်အမှုဆောင်များ၊ မြို့နယ်အလိုက် ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဒေသခံရပ်မိရပ်ဖများအားလုံး စုစုပေါင်း လူဦးရေ (၂၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမရက် (၂၁.၂.၂၀၁၅) ရက်နေ့ နံနက်ပိုင်း အစီအစဉ်အရ ရန်ကုန်မြို့မှ စာရေးဆရာကြီး ဦးကျော်ဝင်းမှ တက်ရောက်ပြီး  မြန်မာ့လူမှုရေး၊ နိုင်ငံရေးတန်ဖိုးနှင့် ဒီမိုကရေစီ အပြောင်းအလဲအကြောင်း  ဟောပြောပြီး အပြန်အလှန်  ဆွေးနွေးမှုများ၊  မေးခွန်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း ဟောပြောစဉ်
နေ့လည်ပိုင်း အစီအစဉ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းမှ လွှတ်တော်ရေးရာနှင့် စီးပွားရေးအကြောင်းများကို ဟောပြောပြီး အပြန်အလှန်  မေးခွန်းမေးမြန်းမှုများ ဖြေကြားမှုများ၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပထမရက် ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဖွဲ့စည်းခြင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းညိုညိုချော
Powered by Blogger.