Sunday, February 22, 2015

ဒုတိယနေ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်


၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်၊ တနင်္ဂနွေနေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးဘုန်းတော်ကြီးကျောင်းတွင် ဒုတိယနေ့ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။
အစီအစဉ်အရ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဖြစ်မြောက်ရေး ယာယီဥက္ကဋ္ဌ ဦးခွန်ထွန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဖြစ်မြောက်ရေး ယာယီအတွင်းရေးမှူး ဦးခွန်အောင်ကျော်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးခွန်အောင်ကျော်က “(PYN)  (၁)နှစ်တာ (၂) နှစ်တာကာလ လုပ်ရှားဆောင်ရွက်ပုံမှာ ပထမဆုံးလုပ်ရှားမူအဖြစ် လူငယ်ကွန်ယက်ရဲ့ မူကြမ်းကို စတင်ရေးဆွဲပြီး စာအုပ်ထုတ်ခဲ့ပါသည်။ ထို့နောက် ယာယီဥက္ကဋ္ဌ၊ ယာယီအတွင်းရေးမှူးဖွဲ့စည်းပြီး ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့် ဖွဲ့စည်းခဲ့ပါတယ်။  မြို့နယ်ပေါင်း (၁၇)မြို့နယ်ဖွဲ့စည်းပြီဖြစ်ပြီး ရှမ်းပြည်နယ်ဘက်က (၁၂) မြို့နယ် နှင့် အောက်ပြည်ဘက်က (၅) မြို့နယ်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။
ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြောက်ပွဲကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များက ဦးခွန်ထွန်းရွှေ၊ ဦးခွန်နေ၀င်းထွန်း၊ ဦးခွန်သိန်းဖေ (၃)ဦးကို ဒီမိုကရေစီနည်းကျ အများသဘောတူဆုံးဖြတ်ချက်ဖြင့် နာယကအဖြစ် ရွေးချယ်တင်မြောက်ပြီး ဥက္ကဋ္ဌကို ဦးခွန်အောင်ကျော်၊ ဒုဥက္ကဋ္ဌ- ခွန်တေဇာအောင်၊ အတွင်းရေးမှူးချုပ်ကို ခွန်စံသူအောင်၊ တွဲဖက်အတွင်းရေးမှူး (၂)ဦး၊ စည်းရုံးရေးမှူး (၁)ဦး၊ ဘဏ္ဍာရေးမှူး (၁)ဦး၊ စာရင်းကိုင်(၁)ဦး၊ စာရင်းစစ်(၁)ဦး၊ အဖွဲ့ဝင် (၆) ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။


ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲတွင် ဆီဆိုင်မြို့၊ ဇ၀နာရာမ ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒါဘိဝံသ၊ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ အတွင်းရေးမှူး ဆရာတော်ဘဒ္ဒန္တစန္ဒာဝရတို့၏ သြ၀ါဒစကားများကို နာယူခဲ့ပါသည်။ 



ဆက်လက်၍ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီက သြ၀ါဒစကားမြွက်ကြားခဲ့သည်မှာ-ယခုဖွဲ့စည်းတဲ့ ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့သည် ပအိုဝ်းအမျိုးသား တစ်မျိုးသားလုံးအတွက် ကျောထောက်နောက်ခံဖြစ်နိုင်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီး ငြိမ်းဖောင်ဒေးရှင်မှ ဆရာမဒေါ်ယဉ်ယဉ်ဝင်း အနေဖြင့် အရပ်သားလူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီဖွံ့ဖြိုးမှုကို ဆွေးနွေးတင်ပြခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
နန်းညိုညိုချော

Powered by Blogger.