Tuesday, February 24, 2015

ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် တတိယနေ့ အနာဂတ်လုပ်ငန်းစဉ် ဆွေးနွေးညှိနှိုင်းခြင်း အခမ်းအနား

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်



၂၀၁၅ခုနှစ်၊ဖေဖော်ဝါရီလ (၂၃) ရက်၊ တနလာင်္နေ့တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမှုဆောင် တတိယနေ့ အနာဂတ်လုပ်ငန်းစဉ် ဆွေးနွေးညှိနှိုင်းခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ  ကြွရောက်လာသော လူကြီးမင်းများနှင့် PYN-လူငယ်အဖွဲ့များက ဆရာတော်ထံမှ သြ၀ါဒခံယူပြီး (၃) ရက်သာအတွင်း ကျွေးမွေးဧည့်ခံ၊ ဆွမ်း၊ ခဲဖွယ် ၊ဘောဇန ကုသိုလ်လုပ်ဆောင်မှုများအတွက် ရေစက်ချအမျှပေးဝေခဲ့ပါသည်။  ထို့နောက် မြို့နယ်အသီးသီးမှ အစီရင်ခံစာနှင့် အကြံဥာဏ်ပြုချက်များကို မြို့နယ်အလိုက် ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းလူငယ်ကွန်ယက်  (PYN) ဗဟိုအလုပ်အမူဆောင် အနာဂတ်လုပ်ငန်းစဉ်များအပေါ် မြို့နယ်အလိုက် မိမိတို့၏ အမြင်သဘောထားများကို တင်ပြဆွေးနွေးပြီး ၄င်းတို့၏ အမြင်သဘောထားများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ဦးခွန်သိန်းဖေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦခွန်စံလွင် တို့မှ ပြန်လည်သုံးသပ်ဖြေကြားခဲ့ပြီး PNA-အသွင်းပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှူး ဗိုလ်မှူးခွန်လာမှ PYN-လူငယ်များအတွက် အမှာစကား တိုက်တွန်းပြောကြားခဲ့ပါသည်။  ထို့နောက် ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုအလုပ်အမူဆောင် အနာဂတ်လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရန်အတွက် ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဥက္ကဋ္ဌဦးခွန်အောင်ကျော်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
 
နန်းမြရီ
Powered by Blogger.