တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)မှ (၂၃)ရက်နေ့ထိ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့ နယ်ခွဲ၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးဘုန်တော်ကြီးကျောင်းတွင် ပအိုဝ်းတစ်မျိုးသားလုံးလူငယ်များပါဝင်သော ပအိုဝ်းလူငယ်ကွန်ယက်(PYN) ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
အဆိုပါ ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဗဟိုအလုပ်အမှုဆောင်ဖွဲ့စည်းရာတွင် အနယ်အနယ်အရပ်ရပ်မှ ဆရာတော်/သံဃာတော်များ၊ PNO ဗဟိုကော်မတီဝင်များ၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ နောင်တရား၊ ကျောက်တလုံးကြီး၊ ညောင်ရွှေ၊ လွိုင်လင်၊ နမ့်စန်၊ မောက်မယ်၊ ပင်လုံ၊ ကလော၊ ရပ်စောက်၊ သထုံ၊ ဘားအံ့၊ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်၊ ထန်းတပင် စသည့် မြို့နယ်၊ မြို့နယ်ခွဲများမှ ပအိုဝ်းလူငယ်များနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဗဟိုအလုပ်မှုဆောင် ဖွဲ့စည်းခြင်း အထိမ်းအမှတ်အနေဖြင့် ဟောပွဲများ ပြုလုပ်ကျင်းပခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း၊ စာရေး ဆရာကြီး ဦးကျော်ဝင်းတို့မှ မြန်မာ့လူမှုရေး၊ ကမ္ဘာ့နိုင်ငံရေး၊ ဒီမိုကရေစီ အပြောင်းအလဲ၊ လွှတ်တော်ရေးရာနှင့် စီးပွားရေးအကြောင်းများ ဟောပြောသွားခဲ့ပါသည်။ ထို့ပြင် ငြိမ်းဖောင်ဒေးရှင်းမှ ဆရာမဒေါ်ယဉ်ယဉ်ဝင်း ကလည်း အရပ်သားလူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို ဟောပြောဆွေးနွေး သွားပါသည်။
ထိုသို့ ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဗဟိုအလုပ်မှုဆောင်ဖွဲ့စည်းရာတွင် ပအိုဝ်းလူငယ်များ အသိပညာ အမြော်အမြင်ပိုမိုတိုးပွားစေရန် ဆီဆိုင်မြို့၊ ဇ၀နာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒ န္တကောဝိဒ ဘိဝံသ၊ ပိဋကတ်ပအိုဝ်းဘာသာပြန်အဖွဲ့ အတွင်းရေးမှူး ဆရာတော်ဘဒ္ဒ န္တစန္ဒာဝရ နှင့်ပအိုဝ်းအမျိုးသား ခေါင်ဆောင် ဖြားတန်အောင်ခမ်းထီတို့က သြ၀ါဒအမှာစကား မိန့် ကြားခဲ့ပါသည်။
ထို့ပြင် ပအိုဝ်းတစ်မျိုးသားလုံးအပေါ် ပအိုဝ်းလူငယ်ကွန်ယက်(PYN)များ၏ အမြင်သဘောထား များဖြစ်သော ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ လွှတ်တော်ရေးရာ စသည့်တို့အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ဦးခွန်သိန်းဖေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့် PNA အသွင်းပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှူး ဗိုလ်မှူးခွန်လာတို့က ပြည်လည်သုံးသပ် ရှင်းလင်းသွားခဲ့ကြောင်း သိရှိရပါသည်။
ခွန်ထင်းလေအောင်း
Like On Facebook
Follow On Twitter
Subscribe On RSS