တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၆) ရက်
၁၃၇၆-ခုနှစ်၊ တပေါင်းလဆန်း (၁၂) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပုံးလောင်းကျေးရွာတွင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ ဦးစီးဥက္ကဋ္ဌဦးခွန်စံလွင်၊ ဦးခွန်မောင်ပဲ၊ ဦးခွန်လှမြင့်၊ ဆီဆိုင်မြို့နယ် ပအိုဝ်းစာပေယဉ်ကျေးမူ ဥက္ကဋ္ဌ ဦးခွန်မောင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ပါသည်။
ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်းမှာ ဇာတိသွေး ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြတ်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များထက်သန်လာအောင် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုနှစ် ပုံးလောင်းကျေးရွာ ပအိုဝ်းအမျိုးသားနေ့ပွဲတော်သို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်မှ အဖွင့်အမှာစကားပြောကြားပြီး မျိုခွန်ခွို,ပအိုဝ်းအနုပညာအဖွဲ့ လာရောက်ဖျော်ဖြေပေးခဲ့ကြောင်း သိရှိရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS