Tuesday, April 21, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့ရှိ ပထမနိမ္မိတသပိတ်မြတ် စေတီတော် ထီးတော်တင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၁) ရက်   

ဓါတ်ပုံ - Art သစ်ဆန်း (နောင်တရား)
၂၀၁၅ခုနှစ်၊ ဧပြီလ(၂၀) ရက်၊ တနင်္ဂလာနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့ရှိ ပထမနိမ္မိတသပိတ်မြတ်စေတီတော် ထီးတော်တင်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ ဘုရားထီးတော်တင်ပွဲတော်သို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အေးဝင်းနှင့် ဇနီး ဦးဆောင်သော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ ဦးခွန်မောင်သောင်း၊ ဦးခွန်သိန်းဖေနှင့် ပအိုဝ်းအမျိုးသားအဖွဲ့မှ ဂုဏ်သရေရှိလူကြီးမင်းများ၊ ဒေသခံတိုင်းရင်းသားညီအစ်ကို မောင်နှမများ တက်ရောက်ဖူးမျော် ကြည်ညိုခဲ့ကြပါသည်။ ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် ရပ်မိရပ်များက သံဃာတော်အရှင်မြတ်များ ဟောကြားသော တရားတော်မြတ်ကို အတူတကွ နာယူကာ၊ ရေစက်ချအမျှဝေပြီးနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း ဦးဆောင်သော တပ်မတော်အရာရှိများနှင့် ပအိုဝ်းအမျိုးသားအဖွဲ့မှ လူကြီးမင်းများက စေတီထီးတော်များကို ပထမနိမ္မိတသပိတ်မြတ်စေတီတော်သို့ ပင့်ဆောင်ကာ မိဘပြည်သူများက နိဗာန်ယာဉ်ဖြင့် ဆွဲတင်၍စေတီ(၇)ဆူအား ထီးတော်တင်ပူဇော်ခဲ့ပါသည်။
 
ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media
ပထမနိမ္မိတသပိတ်မြတ်စေတီတော်ကြီးကို ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပလာစေရန်၊ အများပြည်သူများကိုးကွယ်ကြည်ညိုနိုင်ရန် ရည်မြော်၍ ၁၂၂၄ခုနှစ်၊ ကဆုန်လဆန်း(၁၃)ရက်၊ စနေနေ့တွင် အုတ်မြှစ်ချတည်ထားကိုးကွယ်ခဲ့ပါသည်။ ၄င်းစေတီတော်ကြီးကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ  နှင့် မွိုးကျော်သောင်းတို့က မတည်၍  ကျောက်တလုံးကြီးမြို့အတွင်းရှိ ရပ်မိရပ်ဖများနှင့် အရပ်လေးမျက်နှာရှိ မိဘပြည်သူများ ပါဝင်လှူဒါန်းပြီး ကျပ်သိန်းပေါင်း(၄၀၀၀) ကျော် အကုန်ကျခံ တည်ထားကိုးကွယ်ခဲ့ပါသည်။ ပထမနမ္မိတသပိတ်မြတ်စေတီ အမည်တွင်ရခြင်းမှာ စေတီတော်ကို မြတ်စွာဘုရား သပိတ်တော်မြတ်ဖြင့် ဌာပနာ ပူဇော်ထားခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
 
ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media

ဓါတ်ပုံ - PNO Media
အဆိုပါ ပထမနိမ္မိတသပိတ်မြတ်စေတီတော်ကြီး၏ ဥာဏ်တော်မှာ (၅၅) ပေရှိကြောင်း၊ စေတီထီးတော်တင်ပွဲနှင့် အတူ ရှင်လောင်းခေါ်အခမ်းအနား ကျင်းပသွားကြောင်း၊ ဧပြီလ (၂၂) တွင် စာအောင်ဘွဲ့ရ ရဟန်းတော် (၃) ပါးတို့ကို ဂုဏ်ပြုပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဧပြီလ(၂၄)ရက်နေ့မှ (၂၆) ရက်နေ့အထိ စုပေါင်းရှင်ပြုပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ဧပြီလ (၂၇) ရက်နေ့တွင် သံဃာတော်အရှင်မြတ်တို့ ဟောကြားတော်မူသော တရားတော်မြတ်ကို အတူတကွ နာယူပြီး  လှူဒါန်းပြီး လှူဒါန်းဆဲ အလှူဒါနတို့ကို ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ကြောင်း သိရှိရပါသည်။ 
 
ဓါတ်ပုံ - Art သစ်ဆန်း (နောင်တရား)

ဓါတ်ပုံ - Art သစ်ဆန်း (နောင်တရား)

ဓါတ်ပုံ - Art သစ်ဆန်း (နောင်တရား)

ဓါတ်ပုံ - Art သစ်ဆန်း (နောင်တရား)

ဓါတ်ပုံ - Art သစ်ဆန်း (နောင်တရား)
ခွန်ထင်းလေအောင်း
Powered by Blogger.