Monday, May 18, 2015

ထိုင်းနိုင်ငံရောက်ပအိုဝ်းတိုင်းရင်းသားများက တောင်ကြီးမြို့အတွင်းရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို)ကို လာရောက်တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၁၈) ရက်




၂၀၁၅ခုနှစ်၊ မေလ(၁၇)ရက်၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကွင်းတွင် ထိုင်းနိုင်ငံရောက်ပအိုဝ်းတိုင်းရင်းသား များက  ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ကို လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့  တောင်ကြီးမြို့ဥပဒေကူညီရေးအသင်း၊ ကောင်ရွေအဖွဲ့၊ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်မှ အကြံပေးအဖွဲ့များလည်းတက်ရောက်ကြပြီး စူဋ္ဌာမုနိဆရာတော် ကုန၀သာ နှင့် ချင်းမိုင်း ဆရာတော်အာနွန်တို့က သြ၀ါဒအမှာစကားမွက်ကြားပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဌဦးခွန်ဝင်းကိုက ဆက်လက်အမှာစကားပြောကြားသွားပါသည်။
ထိုသို့ဆွေးနွေးရာတွင် မိမိအဖွဲ့မှ ဦးတည်လှုပ်ရှားနေသောလုပ်ငန်းများကို ဆွေးနွေးတင်ခဲ့ကြသည်။ ထို့ပြင် ဘန်ကောက်တွင် ပအိုဝ်းလူမျိုးများ တည်းခိုနိုင်ရန်အတွက် ပအိုဝ်းဓမ္မရုံတည်ဆောက်မည့်အကြောင်း၊ ထိုင်းနိုင်ငံရောက် ပအိုဝ်းလူမျိုးများခြေအနေ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ထိုင်းနိုင်ငံ ရောက်ပအိုဝ်းလူမျိုးများအခြေအနေ၊ ပအိုဝ်းလူမျိုးများပညာရေးအခြေအနေကို ဆွေးနွေးတင်ပြသွား ကြောင်း သိရှိရပါသည်။

ခွန်ထင်းလေအောင်း
Powered by Blogger.