Wednesday, May 27, 2015

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင် စွမ်းရည်မြင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၂၈) ရက်




ပင်လောင်မြို့နယ်၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင်ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO)ပါတီ ဗဟိုဌာနရုံးချုပ်၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဆင်းပွားပို့ချပေးသော မျိုးဆက်သစ်လူငယ် စွမ်းရည်မြင့်သင်တန်းဆင်းပွဲကို  ၂၀၁၅ခုနှစ်၊ မေလ(၂၆)ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်ကျင်းပပြီး သင်တန်းဆင်းပွဲကို ပင်လောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်နိုင်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO) တွဲဖက်အတွင်းရေးမှူး ဦးခွန်တင်ထွဋ်၊  (PNO) ဗဟိုအလုပ် အမှုဆောင် ဦးခွန်ပညာဗုတ်၊ (PNO) ဗဟိုကော်မတီ ဦးခွန်ထွန်းဖြူ ၊ စန္တာခမ်း ဒု-ဥက္ကဌ၊ ကျေးရွာဥက္ကဌများ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်အမှာစကားပြောကြားသွားပါသည်။
ယင်းစွမ်းရည်မြင့်သင်တန်းတွင် ဘာသာရပ် (၁၆)ခု ပို့ချခဲ့ပြီး၊ ပို့ချရခြင်းမှာ ပအိုဝ်းလူမျိုးသမိုင်းကိုပအိုဝ်းလူငယ်များ ပြန်လည်သိရှိစေရန်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို နားလည်လာစေရန်၊ ခေါင်းဆောင်မှုစွမ်းရည် ပိုမိုအားကောင်းလာစေရန်၊ အနာဂတ်လူငယ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ခုနှစ် လယ်ကြားကျေးရွာ တွင်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုဌာနရုံးချုပ်၊ လေ့ကျင့် ပညာပေးရေးဌာနမှ ဆင်းပွားပို့ချပေးသော မျိုးဆက်သစ်လူငယ်သင်တန်းသူ/သားများ (၁၀၀၀)ကျော်ရှိပြီးဖြစ်ကြောင်း၊ ယခုလယ်ကြားကျေးရွာ စွမ်းရည်မြင့်သင်တန်းဆင်းပွဲတွင် သင်တန်းသူ/သားဦးရေ(၈၅)ဦး ရှိကြောင်းနှင့် သင်တန်းကာလ(၁)ပတ်ကြာမြင့်ပြီး အဆိုပါစွမ်းရည်မြင့်သင်တန်းဆင်းပွဲတွင် ကျေးရွာမှ ရပ်မိရပ်ဖများအင်အား (၂၀၀) ကျော်ခန့် တက်ရောက်အားပေးကြကြောင်း သိရှိရပါသည်။
 
နန်းညိုညိုချော
Powered by Blogger.