Tuesday, June 2, 2015

ပါရမီလူမှုကူညီရေးအသင်းနှင့် (PNO) ပါတီ တွဲဖက်အတွင်းရေးမှူးတို့ ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေး မူဘောင်နှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေး

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၂) ရက်



၂၀၁၅-ခုနှစ်၊ ဇွန်လ(၂)ရက်၊ အင်္ဂါနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုဌာနချုပ်ရုံးတွင် ပါရမီလူမှုကူညီရေးအသင်းနှင့် (PNO) ပါတီ တွဲဖက်အတွင်းရေးမှူးတို့ ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေး ခဲ့ကြပါသည်။
ထိုသို့ဆွေးနွေးရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ တွဲဖက်အတွင်းရေးမှူး ဦးခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ပညာရေးအရာရှိ ဦးအုန်းငွေ၊ ပါရမီလူမှုကူညီရေးမှ ဦးအောင်ခင်၊ ဆရာဘော်၊ ခွန်လန်းဖြူတို့ပါဝင်ပြီး ပအိုဝ်းအမျိုးသားအနာဂတ်ပညာရေးနှင့် ပတ်သင်၍ မဟာဗျူဟာ မည်သို့မည်ပုံ ရေးဆွဲရမည်၊ ဆရာမနှင့် ကျောင်းသူ/သားများ အရည်အသွေး မြင့်မားအောင် မည့်သို့ဆောင်ရွက်ရမည်၊ မြန်မာနိုင်ငံအနှံအပြားရှိ ပရဟိတကျောင်းတွင် သွားရောက် ပညာသင်ယူနေုသော ကျောင်းသူ/သားများအား မည်သို့ ဆောင်ရွက်ပေးရမည်၊ ကျောင်းကော်မတီနှင့် ဘယ်လိုပူးပေါင်းရမည် ဆိုသည့်အချက်အပေါ် ဆွေးနွေးခဲ့ကြပါသည်။
ယင်းဆွေးနွေးချက်နှင့်ပတ်သက်၍ ဇွန်လ(၁၅-၁၆)ရက်တွင် မြို့နယ်(၁၃)မြို့နယ်အတွင်းရှိ PNO ပအိုဝ်းလူကြီးမင်းနှင့် GIC-1တွင် အစည်းအဝေးပြုလုပ်သွားရန်ရှိကြောင်း PNO ဒုတိယ လူမှုရေးတာဝန်ခံ ဆရာဘော်က ပြောကြားသွားပါသည်။
 
ခွန်ထင်းလေအောင်း

Powered by Blogger.