Thursday, June 18, 2015

ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီဝင်များ စွမ်းဆောင်ရည်မြှင့်သင်တန်းပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၁၈) ရက်





 ၁၇-၆-၂၀၁၅ (ဗုဒ္ဓဟူး) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုကော်မတီဝင်များ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲကို တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးတပေါင်းကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နာယက ဦးခွန်မောင်တုတ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒု ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ သင်တန်းကြီးကြပ်ရေးတာဝန်ခံ ဦးခွန်တင်ထွဋ်တို့မှ အမှာစကားပြောကြားခဲ့ပါသည်။
ဤစွမ်းရည်မြှင့်သင်တန်းတွင် ပအိုဝ်းလူမျိုးသမိုင်း၊ ပအိုဝ်းစာပေသမိုင်းနှင့် ပအိုဝ်းတိုင်းရင်းသားယဉ် ကျေးမှုဓလေ့ထုံးတမ်းများ၊ ပအိုဝ်းလူမျိုးတော်လှန်ရေးသမိုင်းနှင့် ငြိမ်းချမ်းရေး လက်ရှိပအိုဝ်းလူမျိုးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပေါ် ပအိုဝ်းလူထုအမြင် သုတေသနတွေ့ရှိချက် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှု နှင့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဖွဲစည်းပုံ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၅ရွေးကောက်ပွဲဆိုင်ရာအကြောင်း သိကောင်းစရာများ၊ လူထုရှေ့စကားပြောနည်းနှင့် စည်းရုံးရေး၊ မြန်မာနိုင်ငံ၏လက်ရှိလွှတ်တော်နိုင်ငံရေး အခြေအနေနှင့် လွှတ်တော်အတွေ့အကြုံ အကြောင်းအရာများကို ဆွေးနွေးသွားမှာဖြစ်ပြီးလက်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ဗဟိုကော်မတီဝင်များအားလုံးသိရှိရန် ဗဟိုကော်မတီဝင်တိုင်း စွမ်းဆောင်ရည်ပြည့်ဝပြီး အနာဂါတ်တွင်မှန်ကန်သောလမ်းကြောင်းဖြင့် အဖွဲ့အစည်းနှင့်လူထုများကို ဦးဆောင်လမ်းပြသွားနိုင်ရန်နှင့် အဖွဲ့အစည်း၏မူဝါဒများ၊ရည်ရွယ်ချက်များ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ စွမ်းဆောင်ရည်မြှင့်သင်တန်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရှိရပါသည်။ ဤသင်တန်းကို ဇွန်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပအိုဝ်းအမျိုးသားဖွဲ့ချုပ် ဗဟိုကော်မတီဝင်များအားလုံးတက်ရောက်ကြသည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
နန်းညိုညိုချော
Powered by Blogger.