Monday, July 13, 2015

Mobile Skills and Election Reporting Training for Journalists(MOELJO) သင်တန်းကို တောင်ကြီးမြို့ Royal Star Hotel တွင် လာရောက်ပို့ချ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ “Royal Star Hotel”တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နည် သတင်းထောက်များအတွက်၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ မှ ၁၃ ရက်ထိ BBC MEDIA ACTION မှ Mobile Skills and Election Reporting Training for Journalists(MOELJO) သင်တန်း လာရောက်ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
ဤသင်တန်းတွင် မိုဘိုင်းဖုန်းနည်းပညာကို အသုံးပြု၍ ဓာတ်ပုံရိုက်ခြင်းအား လေ့လာခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းအား လေ့လာခြင်း၊ သတင်းများထုတ်လုပ်ခြင်း၊ အသံပိုင်းဆိုင်ရာ-အသံသွင်းခြင်း နှင့်တည်းဖြတ်ခြင်းအားလေ့လာခြင်း၊ နောက်တစ်နေ့အတွက် အဖွဲ့လိုက်ဗီဒီယိုရိုက်ကူးရေး အစီအစဉ် အားစီစဉ်ခြင်း၊အဖွဲ့လိုက်ဗီဒီယိုရိုက်ကူးခြင်းအစီအစဉ်၊ ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာအားလေ့လာခြင်း၊  အဖွဲ့လိုက် ဗီဒီယိုတည်းဖြတ်ခြင်းနှင့်မီဒီယိုအားကြည့်ရှု၍ တုန့်ပြန်မှုပေးခြင်းစသည်တို့ဖြစ်သည်။
၎င်းသင်တန်းသည် ရှမ်းပြည်နယ်နှင့်ကယားပြည်နည် သတင်းထောက်များ(၂၂)ဦးတက်ရောက်သင်ယူ ခဲ့ပြီး ရန်ကုန်မြို့များတွင်လည်း ဆက်လက် ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိပါသည်။
  
ခွန်ခမ်းမိုးဦး



Powered by Blogger.