Monday, August 17, 2015

ဘန်ကောက်မြို့လယ်မှာ အင်အားပြင်း ဗုံး ပေါက်ကွဲ

တောင်ကြီး၊၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်


ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်က ဧရာဝဏ် လေးမျက်နှာ ဘုရား အနီးမှာ ဒီကနေ့ တနင်္လာနေ့ ဒေသအချိန် ညဦးပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့တယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲရာ နေရာတဝိုက်မှာ အပျက်အစီးတွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေတယ်လို့ အခင်းဖြစ်ရာကို ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က ဆိုပါတယ်။
လူစည်ကားတဲ့ ဧရာဝဏ် ဘုရားအနီး တဝိုက်မှာ ရှိတဲ့ လူတွေဟာ ဗုံးပေါက်တဲ့ စက်ကွင်းထဲမှာ ရှိနေခဲ့တယ်လို့ သူက ပြောပါတယ်။

Credit - BBC မြန်မာပိုင်း၏ 'ဘန်ကောက်မြို့လယ်မှာ အင်အားပြင်း ဗုံး ပေါက်ကွဲ" http://www.bbc.com/burmese/world/2015/08/150817_thai_bomb_blast
သတင်းကို ပြန်လည်ဖော်ပြပါသည်။

Powered by Blogger.