Sunday, August 16, 2015

PNA- အသွင်းပြောင်းပြည်သူ့စစ်ဌာနေမှ ဦးဆောင်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ ဇေတ၀န်ဘုန်းတော်ကြီးကျောင်းတွင် ပအိုင်းအမျိုးသားခေါင်းဆောင်ကြီး အဘဦးအောင်ခမ်းထီ၏ သြ၀ါဒခံယူပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာ ဇေတ၀ွန်ဘုန်းတော်ကြီးကျောင်း သြဂုတ်လ (၁၃-၂၀၁၅)ရက်နေ့တွင် PNA- အသွင်ပြောင်းပြည်သူ့စစ်ဌာနေမှ ဦးဆောင်၍ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီ အဘကြီးဦးအောင်ခမ်းထီသည် ပအိုဝ်းလူငယ်တွေ့ဆုံပွဲတွင်  ဒေသခံပြည်သူလူထုများအား ဒီမိုကရေစီနှင့်ပတ်သက်သော သြ၀ါဒများ ဒီမိုကရေစီ၏ အနှစ်သာရများကို ဟောပြောပေးခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်၍ အဘကြီးဦးအောင်ခမ်းထီသည် မြန်မာနိုင်ငံ ယခင်နှင့်ပတ်သက်သော ရွေးကောက်ပွဲအဆက်ဆက်များကို သုံးသပ်ဝေဖန်ပြပြီး ၂၀၁၀/၂၀၁၂ရွေးကောက်ပွဲ၏ အကျိုးရလာဘ်များကိုရှင်းလင်းပြပြီး လာမည့် ၂၀၁၅ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများကို ရွေးပုံရွေးနည်း လွှတ်တော်များ၏လုပ်ပိုင်ခွင့်များ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အစဉ်စောင့်ရှောက်ပေးခဲ့သော ပအိုဝ်းခေါင်းဆောင်များရဲ့ဂုဏ်ကျေးဇူးများ ပါတီစုံရွေးကောက်ပွဲ အကြောင်းအရာများ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ရှိဖွံဖြိုးတိုးတက်လက်ရှိသောအခြေအနေများ မြန်မာနိင်ငံ၏ စီးပွားရေးအခြေအနေများ ပြည်သူလူထုများ၏ ဒီမိုကရေစီအခွင့်အလမ်းများ မဲဆိုင်ရာ ပေးပုံပေးနည်းများ မဲတစ်ပြား၏တန်ဖိုးများကို ဟောပြောပေးခဲ့သည်။
ယင်းဟောပြောပွဲသို့ ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  PNA-အသွင်းပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှူးနှင့်အဖွဲ့သားများ၊ ပအိုဝ်းလူငယ်များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

အောင်ထွိုက်ဗွေ

Powered by Blogger.