Wednesday, September 9, 2015

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူထိန်းသိမ်းမြှင့်တင်ရေးအတွက် မွန်ပြည်နယ်ရှိ ပအိုဝ်းသံဃာတော်များအဖွဲ့က အစည်းအဝေးပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်



ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၈)ရက်၊ အင်္ဂါနေ့၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားအလယ်တိုက်ကျောင်းတွင် မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းသံဃာတော်များ အစည်းအဝေးပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် နမောတဿ     (၃) ကြိမ် ရွက်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အောင်မြေရွှေဘုံဆရာတော်က ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေးအဖွဲ့ဖွဲ့ရခြင်း အကြောင်းကို ရှင်းလင်းမိန့်ကြားခဲ့ပါသည်။ ဆက်လက်၍ ဓမ္မမေဒနီကျောင်းတိုက်ဆရာတော်က အမှာစကားမိန့်ကြားခဲ့ပါသည်။
ထို့နောက် အဖွဲ့အစည်းအတွက် ပြုလုပ်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေး နွေးခဲ့ကြပြီး ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်မြှင့်မားအောင် ထိန်းသိမ်းလုပ်ဆောင်ရန်၊ ပညာရေးချို့တဲ့ ပအိုဝ်းကျောင်းသား/သူများကို ကူညီထောက်ပံ့ရန်နှင့် ပအိုဝ်းဘုန်းတော်ကြီးကျောင်းများကို ထိန်းသိမ်းတိုးချဲ့သွားရန်စသည့် ရှေ့လုပ်ငန်းစဉ်အဖြစ် ဆုံးဖြတ်ချက်(၃)ချက် ချမှတ်ခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးသို့ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ခေါင်းဆောင်များ၊ ပအိုဝ်းဒေသအသီးသီးမှ ရပ်မိရပ်ဖများ (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

ခွန်ရဲလင်းထက်
Powered by Blogger.