Saturday, November 7, 2015

Facebook လူမှုကွန်ယက်မှတဆင့် အောက်တန်းကျသည့် နိုင်ငံရေးနည်းလမ်းဖြင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အပေါ် မတော် မတရား သိက္ခာချသည့် သတင်းများ ဖြန့်ဝေနေခြင်းအပေါ်၊ မခံမရပ်နိုင်သည့် ပအိုဝ်းပြည်သူများမှ ပြန်လည်ရှင်းလင်းပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်



မနက်ဖြန် (၈.၁၁.၂၀၁၅) ရက်နေ့၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင်၊ မဲထည့်မည့် ပြည်သူများ စိတ်ထွေပြား ဇဝေဇ၀ါဖြစ်စေရန် ရည်ရွယ်၍၊ မလိုမုန်းထား အခြားအဖွဲ့အစည်းမှားမှ သော်လည်းကောင်း၊ အဆိုပါ အဖွဲ့များကို ထောက်ခံအားပေးသည့် ပုဂ္ဂိုလ်များမှ သော်လည်းကောင်း၊ အောက်တန်းကျသည့် နိုင်ငံရေးနည်းလမ်းဖြင့် ရည်ရွယ်ချက်ရှိရှိ  Facebook လူမှုကွန်ယက်မှတဆင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို သိက္ခာချသည့် သတင်းများ ဖြန့်ဝေလျှက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ကောလဟာလများမှာ  ပအိုဝ်းအမျိုးသားများ၏ စည်းလုံးညီညွတ်မှုကို သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားများ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အပေါ် ထောက်ခံအားပေးမှုကို သော်လည်းကောင်း၊ မနာလို မရှုစိမ့်ဖြစ်ပြီး ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံး စည်းလုံးညီညွတ်မှုကို ပြိုကွဲ/ ပျက်ပြား စေရန် ရည်ရွယ်လျှက်၊ ကောက်ကျစ် ညစ်ပတ်သည့် နည်းလမ်းကို သုံးသည့် လူတစ်စု/ အစုအဖွဲ့များမှ မဟုတ် မတရား ၀ါဒဖြန့်ဝေလျှက်ရှိရာ၊ အဆိုပါ အစု/အဖွဲ့များ၏ ၀ါဒဖြန့်မှုများမှာ လိမ်လည်လှည့်ဖြား မှန်ကန်မှု လုံးဝမရှိကြောင်း၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားစံပြကျေးရွာမှ ဒေသခံပြည်သူများမှ အဆိုပါ စွပ်စွဲချက်များအပေါ် မခံမရပ်နိုင်ဖြစ်၍ ပြန်လည်ရှင်းလင်းပြောကြားသည့် ဗွီဒီယိုဖိုင်အား တင်ပြအပ်ပါသည်။ 

Powered by Blogger.