Wednesday, November 11, 2015

ကောင်တန်ပန်ပီးကျေးရွာ၊ PNO ကောင်တန်ပန်ပီး ဖွံ့ဖြိုးရေးဒေသမှ ရုံးအဖွဲ့ဝင်များဖြစ်သည့် ခွန်စိုးဝင်းနှင့် ခွန်ချွန်(ခ)ခွန်ဆုတို့ကို RCSS/SSA အဖွဲ့မှ ဖမ်းဆီး

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်

မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးကျင်းပရန် မိုင်းပန်မြို့ပေါ်ရှိ ဌာနဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများ၊ ကျေးရွာရှိသမာဓိလူကြီးမင်းများကို ဖိတ်ကြားခဲ့ပါသည်။ ထိုနေ့တွင် မိုင်ပန်မြို့နယ်၊ ကောင်တန်ပန်ပီးကျေးရွာ၊ PNO ကောင်တန်ပန်ပီး ဖွံ့ဖြိုးရေးဒေသမှ ရုံးအဖွဲ့ဝင်များဖြစ်ကြသော ခွန်စိုးဝင်နှင့် ခွန်ချွန်း(ခ)ခွန်ဆုတို့သည် အစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီး မိုင်းပန်းမြို့ကနေ ကောင်တန်ပန်ပီးရွာသို့အပြန်RCSS/SSA တောင်ပိုင်မှ နောင်လုံးရွာစခန်း
 ခေါင်းဆောင်အမည် စိုင်းလှိုင်၏အမိန့်ဖြင့် အိုက်တန်းဦးဆောင်ပြီး လက်နက်အပြည့်အစုံ(၃)ဦးက အသင့်အနေအထားစောင့်နေပြီး ၎င်း(၂)ဦးတို့အား “မင်းတို့နှစ်ဦးကို မေးမြန်းစရာရှိလို့”ဆိုပြီး ဖမ်းသွားခဲ့ပါကြောင်း (၁၅-၁၀-၂၀၁၅) ရက်နေ့တွင် အစည်းအဝေးအတူသွားတက်ခဲ့သော ပုဂ္ဂိုလ်များ ပြောပြချက်အရ သိရှိရပါသည်။ မိုင်းပန်မြို့ရှိ RCSS/SSA တောင်ပိုင်းဆက်ဆံရေးရုံးကို သွားရောက်မေးမြန်းရာ ရုံးကမသိရှိပါကြောင်း ပြန်ဖြေပြီး၊ (၁၆-၁၀-၂၀၁၅)ရက်နေ့မှ အမှန်တကယ်ကျွန်တော်တို့ RCSS/SSA တောင်ပိုင်းအဖွဲ့မှ ဖမ်းဆီးသွားသည်မှာ မှန်ကန်းကြောင်း မိုင်ပန်းမြို့နယ်ရှိ PNO ရုံးသို့ အကြောင်းကြားခဲ့သည်။ မည်သည့်ရာဇ၀တ်မူအပြစ်ရှိကြောင်း ဖမ်းဆီးသွားသည်ကိုလည်း မသိရှိပါ။
ဖြစ်စဉ်နှင့်ပတ်သက်၍ RCSS/SSA မိုင်းပန်ရုံးကို အကြောင်းကြားခဲ့ပြီး ထိုမှတစ်ဆင့် တောင်ကြီးမြို့ရှိ P.N.O ဌာနချုပ်ရုံးနှင့် P.N.A အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)ရုံးချုပ်ကို (15-10-2015)ရက်နေ့တွင် အကြောင်းကြားလာ ရာ ၄င်းတို့နှစ်ဦး အမြန်ဆုံးပြန်လည်လွတ်မြှောက်လာရန်အတွက် တောင်ကြီးမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံ ဦးအုံခေးထံတွင်လည်း ဖုန်းဖြင့် ဆက်လက်တင်ပြခဲ့ပြီးဖြစ်သည်။ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံက သူတို့နှစ်ဦး လွတ်မြောက်ဖို့ရန် ကျေးရွာရှိဆိုင်ရာပုဂ္ဂိုလ်လူကြီးများ (၃)ဦးခေါ်ပြီး RCSS/SSA နောင်လုံးစခန်းနှင့် မိုင်းပန်မြို့နယ် RCSS/SSA ဆက်ဆံရေးရုံးကိုသွားပြီး အာမခံဖြင့်သွားထုတ်ရန် မှာကြားခဲ့သည်။ သို့သော် (24-10-2015)ရက်နေ့တွင် တောင်ကြီးဆက်ဆံရေးရုံးမှ မှာကြားသည့်အတိုင်း နောင်လုံးစခန်းကိုသွားရောက်ရာ ဖမ်းထား သည့်လူနှစ်ဦးနှင့် ပေးမတွေ့နိုင်ကြောင်း၊ သူတို့နှစ်ဦးကို ရှေ့ဆက်ပို့လိုက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
(26-10-2015)ရက်နေ့ ကောင်တန်ပန်ပီးကျေးရွာမှ ရပ်မိရပ်ဖများ၏ ပြောပြချက်အရ RCSS/SSA အဖွဲ့က ၄င်းတို့ဖမ်းဆီးခေါ်ဆောင်သွားသော ခွန်စိုးဝင်းနှင့်ခွန်ချွန်း(ခ)ခွန်ဆုတို့ကို RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်သို့ ခေါ်ဆောင်သွားပြီးဖြစ်ကြောင်း သိရှိရသည်။
ယခု RCSS/SSA ဖမ်းဆီးသွားသောပုဂ္ဂိုလ်နှစ်ဦးမှာ ကောင်တန်ပန်ပီးဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးရေးလုပ် ငန်းဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံသားမှတ်ပုံတင် ရရှိရေး၊ ကျေးရွာရေရရှိရေး၊ ကျေးရွာမီးဆိုလာပြား ရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံတော်အစိုးရ မြို့နယ်ဌာနများတွင် ၀င်ထွက်သွားလာကြိုးပမ်းဆောင်ရွက်ပေးနေသော ပုဂ္ဂိုလ်များဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်မှ ကူညီပံ့ပိုးပေးမှုကြောင့်မူလတန်း ကျောင်းများ၊ ကျေးလက် ကျန်းမာရေးဆေးခန်းများ၊ မြေသားလမ်းများ၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ၊ ဆိုလာ ပြားမီးများလည်း ရရှိလာခဲ့ပြီဖြစ်သည်။
သို့ဖြစ်ပါ၍ ၄င်းတို့နှစ်ဦးသည် မိမိတို့၏ပအိုဝ်းပြည်သူများဖြစ်သည့်အပြင် မိမိတို့(P.N.O)ပါတီ၏ မြို့နယ်တာ ၀န်ခံများလည်းဖြစ်သည်။ ၄င်းတို့နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ RCSS/SSA ဥက္ကဋ္ဌဦးယွက်စစ်အား မေတ္တာရပ်ခံထားကြောင်း သိရှိရပါသည်။

PNO- သတင်းဌာန

Powered by Blogger.