Tuesday, December 1, 2015

တောင်ကြီးမြို့ ၊ စိန်ဂျိုးဇက်ခန်းမတွင် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်


၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ တောင်ကြီးမြို့၊ စိန်ဂျိုးဇက်ခန်းမရှိ ယနေ့ နံနက် (၉း၁၅) အချိန်တွင် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကို ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ များမှ ဦးဆောင်ပြီး  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ဝင် နန်းမို့မို့မှပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို စိတ်ပိုင်းဆိုင်ရာဖြင့်သော်လည်ကောင်း၊ ရုပ်ပိုင်းဆိုင်ရာဖြင့်သော်လည်ကောင်း၊ မြန်မာနိုင်ငံမှာရှိသော အမျိုးသမီးများသာမက ကမ္ဘာ့နိုင်ငံမှာရှိသော အမျိုးသမီးများအားလုံး အကြမ်းဖက်မှုပပျောက်အောင် ကူညီဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။




ဆက်လက်ပြီး ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ဝင် နန်းကြယ်စင် (ခ) နန်းခမ်းချိုမှ ဖဲကြိုးဖြူနေ့ကျင်းပရခြင်း၏ သမိုင်းကြောင်းများကို ပြောကြားရာတွင် ကနေဒါနိုင်ငံမှာရှိသော အင်ဂျင်နီယာအမျိုးသမီး (၁၄) ဦး အသတ်ခံရ သောနေ့ကိုအကြောင်းပြုပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်မှုများကို လျစ်လျူမရှုရခြင်း၊ အမျိုးသားများမှာလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမပြုလုပ်ကြောင်း ကတိသစ္စာခံယူခဲ့သည်ဟု ရှင်းလင်းပြောကြားသွားပါသည်။   
ထိုနိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အခမ်းအနားများသို့ ပအိုဝ်းလူငယ် ကွန်ယက် (PYN)၊ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့၊ ဒါနရှေ့ဆောင်မြန်မာ၊ စွမ်းအဖွဲ့၊ ရှမ်း တောင်လူငယ်ကွန်ယက်အဖွဲ့၊ ပါရမီကွန်ယက်၊ နမ့်ခုံးပရဟိတအဖွဲ့၊ ဒီမိုအဖွဲ့စသည့်အဖွဲ့များမှ တက်ရောက်သူ ဦးရေစုစုပေါင်း (၁၀၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

နန်းမိုးမိုးခိုင်
Powered by Blogger.