Monday, January 11, 2016

အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း မိတ်ဆက်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်



ဇန်န၀ါရီလ ၁၀-၂၀၁၆ရက်နေ့တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၊ သန္တာလမ်း မြစံပယ်ခန်းမတွင် (ASK)အဖွဲ့မှ ဦးစီး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းမိတ်ဆက်ပွဲကို ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းမိတ်ဆက်ပွဲတွင် ရှမ်းပြည်နယ်စက်မှုနှင့်လျှပ်စစ်ဝန်းကြီး ဦးစိုင်းထွန်းရင်မှ အမှာစကား ပြောကြားရာမှာ ကျွန်တော်တို့ ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်တန်းကို လာရောက်ဖွင့်လှစ်ပေးသော(ASK)မှ သင်တန်းဆရာ/မများ သင်တန်းတက်ရောက်သော သား/သမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ရှေးဦးစွာ မေတ္တာပို့အပ်ပါတယ် များစွာလည်းဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ယခုလိုအသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်း ကို ဖွင့်လှစ်ပေးခြင်းကြောင့် ရှမ်းပြည်နယ်ရှိ အလုပ်လက်မဲ့လူများ လျော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း။ ၎င်းသင်တန်းကိုတက်ရောက်သင်ယူပြီးသော သင်တန်းသူ/သားများဟာလည်း သင်တန်းဆင်းချိန်တွင် အလုပ်ရရှိရန် ကျွန်တော်မှ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း။ သင်တန်းများလေလေ ရှမ်းပြည်နယ် အလုပ်လက်မဲ့ နည်းလေလေဖြစ်လာမှာ အမှန်ပင်ဖြစ်ကြောင်း၊ သင်တန်းတက်လာသော သင်တန်းသူ/သားများသည် ဆရာ များပို့ချသော ပညာရပ်များကို ဂရုတစိုက်လေ့လာသင်ယူမှတ်သားကြရန် မိဘဆရာသမားများကိုလည်း ရိုသေလေးစားကြရန် အလွန်ပင်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် သင်တန်းကျောင်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဦးကျော်သိန်းမှလည်ကောင်း၊  ဟော်တယ်ဆိုင်ရာသင်တန်းများကို မြန်မာနိုင်ငံနှင့်ခရီးသွား ကျွမ်းကျင်ပညာရှင်များမှ ၎င်းပညာသင်စရိတ်ချေးငွေအကြောင်းကို ဒေါက်တာ စိုင်းနွမ်ခေးမှ ရှင်းလင်းတင်ပြခဲ့ကြသည်။
ရှမ်းပြည်နယ်တွင် ပထမအကြိမ်ဖွင့်လှစ်သော ၎င်းသင်တန်းကို (၂) လပိုင်း၂၀၁၆ခုနှစ်တွင် နိုဝင်ဘာဟိုတယ်မှာ သင်တန်းကာလ(၃)ပတ်စာ၊ သင်တန်းကြေး တစ်သိန်းရှစ်သောင်း၊ သင်တန်းသူ/သားတစ်အုပ်စုလျှင် ဦးရေ (၂၀) ဦးသာလက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းစာရင်းကို မြစံပယ်ခန်းမတွင် စုံစမ်းနိုင်ပါကြောင်း ဦးကျော်သိန်းထံမှ သတင်းရရှိပါသည်။
 
အောင်ထွိုက်ဗွေ

Powered by Blogger.