Thursday, January 7, 2016

ပိဋကတ်ပအိုဝ်းဘာသာပြန်သံဃာ့အဖွဲ့ ၆လပတ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်


ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်တွင် ပိဋကတ်ပအိုဝ်း ဘာသာပြန်သံဃာ့အဖွဲ့ ၆လပတ်တစ်ကြိမ် ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၇ -၂၀၁၆ ရက်နေ့တွင် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။






၎င်း ဆွေးနွေးပွဲသို့ မြို့နယ်ကျေးရွာအုပ်စုများမှ သြ၀ါဒါစရိယ ဆရာတော်ကြီးများ ပိဋကတ်ပအိုဝ်းဘာသာပြန် သံဃာ့အဖွဲ့များ အလှူရှင်ဒါယကာ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။ ၎င်း ပိဋကတ်ပအိုဝ်းဘာသာပြန် အဖွဲ့များသည် မိမိတို့ပြန်ဆိုထားသော ပအိုဝ်းပိဋကတ်အခြေအနေများ လက်ထောက် အယ်ဒီတာများ၏ ဆုံးဖြတ်ပုံဆုံးဖြတ်နည်းများ ပအိုဝ်းဘာသာသို့ ပြန်ဆိုထားပြီးသော ဘုရားဟော ပိဋကတ်အခြေအနေများ ကျန်ရှိနေသေးသော ပိဋကတ်စာပေများ အပြန်အလှန်ညိုနှိုင်းဆွေးနွေး တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုဆွေးနွေးပွဲ အာရုံဆွမ်းနေ့ဆွမ်းများကို ဆွမ်းဒါယကာ ဖြားတန်ခွန်မြင့်အောင်+စင်မွိုးဗိ၊ ဗိုလ်မှူးခွန်ဂျိုးဇက် +နန်းလှလှရီ၊ စင်ဖါဆရာကိုး+ စင်မွိုးမအေး၊ ဦးဖြူ+နန်းဗွာ၊ ပွင့်ပန်းသင်္ကန်းဆိုင် တောင်ကြီးတို့မှ ပင့်သံဃာ တော် ၁၆၈ ပါး၊ ကျောင်းတိုက်ဆရာတော် သံဃာတော်၂၉၂ ပါးတို့အား ဆွမ်းခဲဖွယ်များကို ဆက်ကပ်လှူဒါန်းပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို နေ့လည်(၁း၀၀)နာရီအချိန်တွင် နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ပထမတောင်ကျောင်းကြီးပဓာနနာယက ဆရာဆတော် ဘဒ္ဒန္တကောသိယအထံတွင် ငါးပါးသီလ ကိုခံယူဆောက်တည်ပြီး အနုမောဒနာတရားများကို နာကြားပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။

ခွန်ထွိုက်ခမ်း
Powered by Blogger.