Friday, January 8, 2016

တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင် ရုံးတွင်းရှိဌာနဆိုင်ရာများနှင့် မြို့နယ်တာဝန်ခံများ နှစ်ချုပ်အစည်းဝေးပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်



၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး နံနက်(၉း၃၀)အချိန်တွင် ရုံးတွင်းရှိဌာနဆိုင်ရာများနှင့် မြို့နယ်တာဝန်ခံများ တစ်နှစ်တာဆောင်ရွက်ခဲ့သော လုပ်ငန်းများကို နှစ်ချုပ်အစည်းဝေးပွဲ အခမ်းနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ အခမ်းနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)  နာယက ဖြားတန်ခွန်မောင်တုတ်က အဖွင့်အမှာစကား ပြောကြားကာ ထိုသို့ပြောကြားရာတွင် ကျွန်တော်တို့ တစ်နှစ်တာဆောင်ရွက်ခဲ့သော နိုင်ငံရေး လူမှုရေး စီးပွားရေးကိစ္စလုပ်ငန်းများကို မြို့နယ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ အချင်းချင်း ညိုနှိုင်းတိုင်ပင်ပြီး မိမိတို့တွေ့ကြုံခဲ့ရသော အာနည်းချက် အားသာချက်များကို အခက်အခဲရှိလာပါက တင်ပြဆွေးနွေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးရှိ အသစ်ထပ်မံ ဖွဲ့စည်းထားသော နိုင်ငံတကာ ဆက်ဆံရေးဌာနတစ်ခုကို ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်း မှ မိတ်ဆက်ပေးခဲ့ပြီး ဆက်လက်၍ ဗဟိုဌာနချုပ်ရုံးရှိ ဌာနဆိုင်ရာနှင့်မြို့နယ်တာဝန်ခံများက မိမိတို့တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သော အမျိုသားလုပ်ငန်း စဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။





ထိုနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး အတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်းသောင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင် တို့ အားပေးအမှာစကားပြောကြားပြီး တစ်နှစ်တာလုပ်ငန်းဆောင် ရွက်ချက် များကို  ပြန်လည်သုံးသပ်ရန်နှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို  ဌာနအလိုက်၊ မြို့နယ် အလိုက် စီမံချက်ရေးဆွဲနိုင်ရန်အတွက် ပြောကြားခဲ့ကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲမှသာလျှင်  ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၅) နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း၊  လာမည့်ဖေဖော်ဝါရီလမှာ အုပ်ချုပ်ရေးမှူးသက်တမ်းကုန်ဆုံး သွားသည်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူး အသစ်ကို ရွေးချယ်တော့မှာဖြစ်ပြီး ရွေးချယ်သည့်အခါ ပအိုဝ်းအမျိုးသားထဲမှ အမျိုးသားရေးကို အားပေးသည့် ပုဂ္ဂိုလ်များရွေးချယ်ပေးကြပါရန် လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်တွေပြင်ဆင်ဖို့အရမ်းလိုအပ်နေသည် ကို တွေ့မြင်ရပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်နေမှုကို အခြေခံ၍ မိမိတို့အသိုင်းအ၀ိုင်းနှင့် မိမိတို့အခြေခံကို ပြုလုပ်ရ မှာဖြစ်သည့်အတွက် ထုတ်လုပ်မှုကုန်ထုတ်လုပ်မှုကို အခြားနိုင်ငံနှင့် အညီ မြှင့်တက်လာသည်ကို တွေ့မြင်နေရ ကြောင်း ပြောကြားခဲ့ပြီး ထိုအခမ်းအနားများကို မွန်းလွှဲ (၁း၀၀) အချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
နန်းမိုးမိုးခိုင်


Powered by Blogger.