Tuesday, February 2, 2016

တောင်ကြီးမြို့၊ မြေဖြူကမ္မဌာန်းကျောင်းတိုက် စတုတ္ထအကြိမ်(ပထမပတ်) ပအိုဝ်းဓမ္မကထိက သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်



၁၃၇၇-ခုနှစ် ပြာသိုလပြည့်ကျော်(၉)ရက် (၂-၂-၂၀၁၆)နေ့တွင် တောင်ကြီးမြို့ မြေဖြူကမ္မဌာန်းကျောင်းတိုက် စတုတ္ထအကြိမ် ပထမပတ် ပအိုဝ်းဓမ္မကထိက သင်တန်းဆင်းပွဲကို နံနက် (၈း၀၀)နာရီ မှ (၁၀း၀၀) နာရီအထိအောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရှိရပါသည်။
၎င်းသင်တန်းဆင်းပွဲတွင် လူပင့်နတ်ပင့်နှင့် အလကာင်္ကဗျာများကို နန်းဝိသာခါ ဓမ္မစကျာအဖွဲ့မှ ဆောင်ရွက်ပေးခဲ့ပြီး ဆရာတကာညီညွှတ်စွာဖြင့် နာမောတဿ       သုံးကြိမ်ရွတ်ဆိုလျက် သင်တန်းဆင်းပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ တောင်ကြီးမြို့ မင်းကွန်းပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ဘုရားကြီး ဘန္ဒ န္တ ပညာသီရိထံမှ သရဏာဂုံ(၃)ပါးနှင့်တကွ ရှစ်ပါးသီလတို့ကို ခံယူစောင့်တည်ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။
ထို့နောက်တောင်ကြီးမြို့ အရိယ၀ံသ မြို့ဦးကျောင်းဦးစီးပဓာန နာယကဆရာတော် ထံမှလည်ကောင်း၊ ပထမတောင်ကျောင်းကြီးဆရာတော် ဘုရားကြီးထံမှလည်ကောင်း၊ အေးစေတီကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီးထံမှ လည်ကောင်း သြ၀ါဒများကိုခံယူခဲ့ကြပါသည်။ ဆက်လက်၍ ပအိုဝ်းဓမ္မကထိက ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ပအိုဝ်းပိဋကတ်ဘာသာပြန်ကျောင်း ဆရာတော်ဘန္ဒန္တ စန္ဒာဝရမှ ဓမ္မကထိကသင်တန်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းလျောက်ထားပြီး အလှူရှင် ဒါယိကာ၊ ဒါယိကာမ များ၏ကိုယ်စား ပအိုဝ်းဓမ္မကထိက နုဂ္ဂဟအဖွဲ့ ဥက္ကဌ ပွဲစားဦးခွန်ထွက်ဝင်းမှ ရေစက်ချအမျှပေးဝေ၍ ဆရာတကာညီညွတ်စွာဖြင့် ဗုဒ္ဓသာသနံ စိရံ တိဌတု (၃) ကြိမ်ရွတ်ဆိုလျက် ပအိုဝ်းဓမ္မကထိက သင်တန်းဆင်းပွဲ စတုတ္ထအကြိမ် ပထမပတ် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.