Friday, February 12, 2016

(၆၉) နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်



(၆၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်၊ သောကြာနေ့ တောင်ကြီးမြို့ အဝေရာမီးပုံးပျံပွဲကွင်းတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကြွရောက်လာကြသော ဂုဏ်ကျက်သရေရှိ လူကြီးမင်းများနှင့် မိဘပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသောရဲဘော်အပေါင်းနှင့် အာဇာနည်တို့အား အလေးပြုပြီး (တပ်မတော်+မြန်မာနိုင်ငံရဲတပ်ဖွဲ့)တို့က သစ္စာအဓိဌာန်လေးချက် ရွတ်ဆိုခဲ့ကြပါသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံ ပေးပို့သောသ၀ဏ်လွှာကို ဖတ်ကြား၍ စစ်ရေးပြမှူးကြီးမှ တန်းဖြုတ်ခွင့်တောင်းခံပြီး ၀န်ကြီးချုပ်မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ ရှမ်းပြည်နယ်အရာရှိလူကြီးမင်းများ၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊  တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား/သူများ၊ သူနာပြု သားဖွားဆရာမများနှင့် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ စုံစုံညီညီတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းဆားတဲုင် (အွံအား)


Powered by Blogger.