Wednesday, February 24, 2016

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တည်ဆောက်ထားလျှက်ရှိသော ဟိုတယ်အဆောက်အဦးများကို ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးဌေးဝင်း ကြည့်ရှုစစ်ဆေး


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄) ရက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးဌေးဝင်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီလ(၂၃-၂-၂၀၁၆)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ထီတခြွီကျေးရွာ အပန်းဖြေစခန်း တည်ဆောက်မည့် အခြေနေများ ညောင်ရွှေမြို့နယ် လွယ်ခေါ်ကျေးရွာတွင် ဟိုတယ်အဆောက်အဦး တည်ဆောက်မည့် နေရာများ အင်းနီကျေးရွာတွင် တည်ဆောက်ပြီးသော ဟိုတယ်အဆောက်အဦး အခြေအနေများနှင့် ထီနဲ့ကျေးရွာ ဟိုတယ်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာမှာ တောင်ကြီးဇုန် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားရေးမှုး ဒေါ်ခင်မီမီထွန်း၊ Mr.Sitol Komar Action Ard၊ Mr.Mite Hayues GIZ၊ Mr.Siegfried MoSar.GIZ၊ Community-Involved Tourism Manager  ဦးခွန်ထွန်းဦး၊ Community-Involved Tourism အကြံပေး ဦးညီညီ၊  ဟိုတယ်နှင့်ခရီးသွား တောင်ကြီး ဒေါ်ခင်သန်းဇင်၊ ရှမ်း-တောင် ဟိုတယ်နှင်ခရီးသွား ဒုတိယဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် (PNO)ဗဟိုရုံးချုပ်ရှိ ခွန်ရွှေငြိမ်း၊ ခွန်ထွန်းဖြူ၊ ခွန်အောင်ထွိုက်ဗွေတို့နှင့်အတူ နံနက်(၈း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့မှ စတင်ထွက်ခွါလာရာ ညနေခင်း(၆း၁၅)နာရီအထိ ကွင်းဆင်းလေ့လာ ကြည့်ရှုစစ်ဆေးပြီး၊ ဒေသခံမိဘပြည်သူများသည်ရိုးယာအိုးစည်(ထုံမောင်း)ဖြင့် ၀မ်းသာစွာကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးဌေးဝင်းသည် ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံရာမှာ မိမိအနေဖြင့် ယခုလို မိဘပြည်သူများအား လာရောက်တွေ့ဆုံရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ မိဘပြည်သူများသည် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ၀င်ငွေများ ပိုမိုရရှိစေရန်ဖြစ်ကြောင်း ဟိုတယ်များကို တည်ဆောက်ရာမှာ မိမိတို့ရဲ့ရိုးယာဓလေ့ထုံးတမ်းအစဉ်အလာများ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် လုပ်ငန်းအခြေအနေများ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များ ဘာသာသာသနာ ညိုးနွမ်းစေမည့် လုပ်ငန်းများ မဖြစ်ရလေအောင် သတိတရား ကြီးမားစွာ ထားရှိရန် လိုအပ်ကြောင်း၊ ဒေသခံ မိဘပြည်သူများသည် ဘယ်လုပ်ငန်းမဆို လုပ်ကိုင်ရာမှာ စည်းလုံးညီညွတ် ရှိမှသာလျှင် အောင်မြင်မှု အသီးအပွင့်များ ရရှိလာမည်ဖြစ်ကြောင်း မိမိတို့ဒေသတွင်း နိုင်ငံရပ်ခြား ဧည့်သည်များ လာရောက်လည်ပတ်သည့်အချိန် ၎င်းတို့ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ရွာသူရွာသားများ ကော်မတီအဖွဲ့ဝင်များက အလေးထား တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံခြားဧည့်သည်များသည် မိမိတို့ဒေသရှိ ရိုးယာဓလေ့ထုံးတမ်း အစဉ်အလာမျုား လူနေမှုအဆင့်အတန်းများကို လာရောက်လေ့လာမည်ဖြစ်ကြောင်း ဒေသခံမိဘ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယညွန်းကြားရေးမှုးချုပ်သည် ဒေသခံမိဘပြည်သူများ တင်ပြချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ပြီး လုပ်အပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ
 

Powered by Blogger.