Friday, February 5, 2016

တောင်ကြီးတက္ကသိုလ်ကျောင်းသား/သူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် လာရောက်မီးဆူခံ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်


ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဒီကနေ့ ဖေဖော်ဝါရီလ(၅)ရက်၊ သောကြာနေ့တွင် တောင်ကြီးတက္ကသိုလ်ကျောင်းသား/ သူများ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် လာရောက်မီးဆူခံခဲ့ကြပါသည်။






ထို့နောက် ပအိုဝ်းဝတ်စုံအပြည့်ဖြင့် စုံစုံညီညီလာရောက်ကြသော တောင်ကြီးတက္ကသိုလ် ကျောင်းသား /သူများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ အတွင်း ရေးမှူး(၃) ဦးခွန်တင်ထွဋ်၊ မောင်းမွူးခံဂျာနယ် အယ်ဒီတာ ဖြားခွန်ချွန်းနှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့က အားပေး ချီးမြှင့်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တောင်ကြီးတက္ကသိုလ်ကျောင်းသား/သူများက ရင်းရင်းနှီးနှီး အပြန်အလှန် မိတ်ဆက်ကြပြီး အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်က အလှူငွေများကို လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊   မောင်းမွူးခံဂျာနယ် အယ်ဒီတာ ဖြားခွန်ချွန်းက မောင်းမွူးခံ ဂျာနယ်ကိုသော်လည်းကောင်း၊ လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနမှ ဌာနမှူး ခွန်ဆောင်းရွှေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးဝန်ထမ်းများ စုပေါင်းအလှူငွေနှင့် စွမ်းရည်မြှင့်သင်တန်းလက်စွဲစာအုပ်ကိုသော်လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;



Powered by Blogger.