တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၇) ရက်
 ၁၆-၅-၂၀၁၆၊ 
ကဆုန်လဆန်း(၁၀)ရက်၊ တနင်္လာနေ့၊ နေ့လည် (၁)နာရီအချိန်တွင် 
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ 
သာသနာလင်္ကာရ(သာမဏေကျော်)ကျောင်းတိုက်တွင် ပဓာနနာယကဆရာတော်  
ဘဒ္ဒန္တ၀ိစိတ္တသာရလင်္ကာရ -သက်တော်(၄၀)ပြည့် ၀ိဇာတမင်္ဂလာ၊ ၀ိဟာရ မင်္ဂလာနှင့် 
ဂုဏပူဇာမင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် 
နမောတဿ      သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပအိုဝ်းအမျိုးသား
 ခေါင်းဆောင် ဦးအောင်ခမ်းထီ ဦးဆောင်သော ဧည့်ပရိသတ်များက ရှမ်းပြည်နယ် 
သံဃာ့နာယကဥက္ကဋ္ဌ မင်းကွန်းဥတ္တရာရုံကျောင်းဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ 
သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူကာ သံဃာတော်များမှ ရွတ်ဖတ်ပေးသော 
မေတ္တာသုတ်ပရိတ်တရားတော်ကိုလည်း နာယူခဲ့ပါသည်။
ထို့နောက် သာမဏေကျော်ဘွဲ့ရ
 ရှင်သာမဏေများအား ဂုဏပူဇာကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ၎င်းသာမဏေများ၏ 
အတ္ထုပ္ပတ္တိအကျဉ်းချုပ်များကို ရွတ်ဖတ်ခြင်း၊ စာအောင်သံဃာတော်များအား 
ဂုဏ်ပြုလက်မှတ် ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ 
ဆက်ကပ်လှူဒါန်းခြင်း၊ ၀ိဟာရဒါန ရေစက်ချလှူဒါန်းလွှာကို ဖတ်ကြားခြင်း၊ 
မင်းကွန်းဥတ္တရာရုံကျောင်းဆရာတော်ထံမှ အနုမောဒနာ တရားနာယူခြင်း၊ 
ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ ဦးဆောင်ကာ 
လှူဒါန်းသမျှကုသိုလ်အဖို့ ဘာဂများအား အမျှပေးဝေခြင်း အစီအစဉ်များကို 
ကျင်းပပြုလုပ်ခဲ့ပါသည်။ ရေစက်ချပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု 
သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဤအခမ်းအနားသို့ 
ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၊ အရှေ့ပိုင်းတိုင်း 
စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ 
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် 
ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များ ၁၀၀၀ ခန့် 
တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 
 
မောင်းမွူးခံ
 



 
 
 
 
 
 
 
Like On Facebook
Follow On Twitter
Subscribe On RSS