Sunday, May 29, 2016

နောင်ခမ်း ကိုးန၀င်းဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌဦးခွန်စံလွင်နှင့်ဇနီး တက်ရောက် ကြည်ညိုဖူးမြော်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၉) ရက်



၂၀၁၆ ခုနှစ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု နောင်ခမ်း ကိုးန၀င်းဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို မတ်လ (၂၈) ရက်၊ စနေနေ့(ပထမနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌဦးခွန်စံလွင်နှင့်ဇနီး တက်ရောက် ကြည်ညိုဖူးမြော်ခဲ့ကြပါသည်။
ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ ဖိတ်ကြားထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခွန်သိန်းဖေ၊ ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ် နှင့် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဖြူ၊ ပင်လောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း တို့နှင့် ဒေသခံရပ်မိ/ရပ်ဖများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရှိရပါသည်။
နောင်ခမ်း ကိုးန၀င်းဆုတောင်းပြည့်စေတီတော် ထီတော်တင်ပူဇော်ပွဲ အခမ်းအနားကို ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဒါယိကာ/မ များက ကေတုမတီကျောင်း ဆရာတော်ထံမှ ကိုးပါသီလ ခံယူဆောက်တည်ကာ ဒေသဦးစီးဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အသီးသီးတို့မှ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား အထက်ဌာပနာ သွင်းလှူပူဇော်မည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ထီးတော်ကြီးနှင့် အရံစေတီတော်များ၊ စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့ကို ဆပ်ကပ်ခဲ့ကြပါသည်။
ဆက်လက်၍ အထက်ဌာပနာ သွင်းလှူပူဇော်မည့် ဗုဒ္ဓရုပ်ပွားတော်များ ထီးတော်များအား ဘုရားဒါယိကာ/မ အပေါင်း သူတော်ကောင်းတို့က အမွေးနံ့သာ ပတ်ဖျန်းခြင်း၊ စေတီတော်အား လက်ယာရစ် (၃) ပတ် ပတ်၍ အရံစေတီတော်များနှင့် ရွှေထီးတော်များအား ရထားပျံ မင်္ဂလာမဏ္ဍပ်သို့ပင့်ဆောင်ကာ ဘုရားဒါယိကာ/မ အပေါင်းတို့က ရွှေထီးတော်ကြီး၏ ဘုံအဆင့်ဆင့်ကို နောင်ခမ်း ကိုးန၀င်း ဆုတောင်ပြည့်စေတီတော်ကြီးသို့ တင်လှူပူဇော်ခြင်း၊ အရံစေတီတော်များကို သတ်မှတ်ထားသည့် အစုအဖွဲ့လိုက် အသီးသီး တင်လှူပူဇော်ခြင်း၊ အထက်ဌာပနာတော်များအား ထည့်သွင်းပူဇော်ကြပြီး အချိန်အခါရသည်နှင့် တပြိုင်နက် ဆရာတော် သံဃာတော်များမှ ဇယန္တောအောင် ဂါထာ၊ စမ္မစင်္ကြာသုတ်တော်၊ ပဌာန်း၊ စမ္မတေး စသည်တို့ကို ရွတ်ဖတ်ပူဇော်ပြီး အခမ်းအနား ပထမနေ့ အစီအစဉ် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်ပန်းစိန်

Powered by Blogger.