Friday, May 20, 2016

လှုမှုကွန်ယက် Facebook စာမျက်နှာပေါ်မှ ပြန့်နှံ့နေသော (PNA) ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဖက်ကွန်ကျေးရွာ ဒေသခံရွာသား(၄) ဦးကို ဖမ်းဆီးသွားခြင်းမှာ မဟုတ်မမှန်ကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်ကူညီသော ဦးစိုင်းခွန်က ပြန်လည်ပြောကြား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်


လှုမှုကွန်ယက် Facebook စာမျက်နှာပေါ်မှ ပြန့်နှံ့နေသော (PNA) ပအိုဝ်းပြည်သူ့စစ်အဖွဲ့က တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာဒေသခံရွာသား (၄) ဦးကို (၁၆-၅-၂၀၁၆)ရက်စွဲတွင် ဖမ်းဆီးသွားခြင်းမှာ မဟုတ်မမှန်ကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်ကူညီသော အထူးဒေသ(၆)အုပ်ချုပ်ရေးအဖွဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) မြင့်မိုရ်တိုင်း၊ ရန်ကင်းဒေသမှ ဦးစိုင်းခွန်နှင့် ဆရာလွန်တို့က မေလ(၂၀)ရက်၊ သောကြာနေ့တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး၊ ပြန်ကြားရေးဌာနသို့ လာရောက် ပြောကြားသွားပါသည်။
ဦးစိုင်းခွန် ပြောကြားချက်မှာ- ကျူးကျော်မှုနှင့် အကျိုးဖျက်ဆီးမှုကို ပြုလုပ်သော ရွာသားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) ရဲစခန်း၊ တောင်ကြီးမှ ဖမ်းဆီးခြင်းသာဖြစ်ပါသည်။ ဖမ်းဆီးမှုနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အနေနှင့် သွားရောက်ဖမ်းဆီးခြင်းမဟုတ်ဘဲ ရဲစခန်းမှ ဒုရဲအုပ် ဦးအောင်မျိုးလွင်၏ အကူအညီ တောင်းခံခြင်းကြောင့် ဖမ်းဆီးမှုတွင် လုံခြုံမှုရှိစေရေးအတွက် လိုက်ပါကူညီခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွာသားများကို မြေယာကျူးကျော်မှု၊ သူတစ်ပါးအကျိုးဖျက်ဆီးမှုနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးစစ်ဆေးစဉ်တွင် မူးယစ်ဆေးပြားများကိုပါ ၎င်းတို့ကိုယ်ပေါ်တွင် ထပ်မံတွေ့ရှိခဲ့၍ ရဲများက ဖမ်းဆီးခဲ့ကြပါကြောင်း၊ ဖမ်းဆီးခဲ့သည့် နေရာမှာ ဦးမောင်မြင့်၏ ခြံဝင်းအတွင်းဖြစ်သည်။ အဆိုပါခြံကိုလည်း PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့မှ သိမ်းယူထားခြင်း မဟုတ်မှန်ကြောင်း၊ ခြံပိုင်ရှင် ဦးမောင်မြင့်သည် ၎င်းမြေယာကို စာချုပ်စာတမ်းနှင့် ၀ယ်ယူခဲ့ကြောင်း၊ ယင်းမြေယာကို ၀ယ်ယူသူ ဦးမောင်မြင့်က ရောင်းချသူ ဦးအောင်ဆန်း(ဖက်ကွန်ကျောင်းနား)ထံမှ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် တရားဝင် ၀ယ်ယူခဲ့ကြောင်းကို ခြံပိုင်ရှင် ပြောကြားချက်အရ သိရှိရပါကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရာတွင် ဖက်ကွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်တင်၊ ခြံပိုင်ရှင် ဦးမောင်မြင့်၊ အထူးဒေသ(၆) အုပ်ချုပ်ရေးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရန်ကင်းဒေသမှ ဦးဆရာလွန်၊ ဦးစိုင်းခွန်၊ ဦးကျော်ခေါင်တို့ လိုက်ပါသွားကြောင်း ပြောကြားသွားသည်ကို သိရှိရပါသည်။

ခွန်မျင်မိုရ်



Powered by Blogger.