Tuesday, June 28, 2016

အဖွဲ့အစည်းနှင့်ဌာနပေါင်းစုံ သုံးလပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်


၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၈) မှ (၂၉) ရက်နေ့အထိ တောင်ကြီးမြို့၊ သစ်တောရပ်ကွက် မြန်မာနိုင်ငံဆရာဝန်များအသင်းခန်းမတွင် လှုမှုရေးရာကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ unicef တို့ပူးပေါင်းပြီး ဌာနဆိုင်ရာများနှင့် ဒေသအခြေစိုက်လှုမှုရေးအဖွဲ့အစည်းများ (INGO၊ NGO၊ CSO) တို့၏ သုံးလပတ်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာ့တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားခဲ့သည်မှာ  ယခုလို(၃) ပတ်အစည်းအဝေးမှာ လုပ်ငန်းဆောင်ရွက်မှုများပိုမိုအားကောင်းလာနိုင်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လှုမှုအဖွဲ့အစည်းများ၊ စေတန့ာဝန်ထမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမ္မဂ္ဂအဖွဲ့အစည်းများ၏ လက်ရှိဖြစ်နေသော အရင်းအမြစ်များကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပွင့်လင်းစွာညှိနှိုင်းတိုင်ပင်လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက်၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဒေသတွင်းအဖြစ်အများဆုံးဘေးအန္တရာယ်များ၊ သဘာဝဘေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် တုန့်ပြန်နိုင်သောစွမ်းရည်နှင့်အရင်းအမြစ်များ၊ အရေးပေါ်အခြေအနေကူညီကယ်ဆယ်ရေးဆိုင်ရာ အလုပ်အမှုဆောင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် ရေးဆွဲခြင်းစသည့်အခေါင်းစဉ်များဖြင့်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
ထိုအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာ့တိုင်းရင်းသားရေးရာဝန်ကြီး၊ လှုမှုရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြု/သားဖွား ဆရာ/မများ၊ အမျိုးသမီးရေးရာဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ NGO၊ INGO စသည့်အဖွဲ့များတက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး


Powered by Blogger.