Wednesday, June 8, 2016

ဂုဏ်သိက္ခာကြီးသူတို့နေထိုင်နည်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၇) ရက်



လူသားတိုင်းသည် အမှောင်ကိုပယ်ခွင်း အလင်းကိုဆောင်သောဘ၀ ရယူလိုကြသည်။ ဘေးကင်း     ရန်ရှင်းပြီး အေးချမ်းသောဘ၀ကို ပိုင်ဆိုင်လိုကြသည်။ လူများအလယ်တွင် ဂုဏ်ရှိစွာဖြင့် ဘ၀ကိုထူထောင်လို သည့် အတွေးများရှိကြသည်။ ကောင်းကံဆိုးကံ ဤနှစ်တန်ကို ကောင်းကံကိုသာ မျှော်ရှာလေသည်။ ဘ၀တွင် အထက်တန်းကျကျမျက်နှာပန်းလှလှဖြင့် နေထိုင်လိုသူများအတွက် ဘုရားရှင်တော် ဟောဖော် မိန့်ကြားပေးခဲ့သည့် တရားရေအေး အမြိုက်ဆေးကို လူတစ်ဦးချင်းစီဖြစ်စေ၊ မိသားစုအလိုက်ဖြစ်စေ၊ တစ်ဌာနအလိုက်ဖြစ်စေ၊ တစ်ဒေသအလိုက်ဖြစ်စေ လိုက်နာကျင့်သုံးပါက ယခုရောနှောင်ပါ ဘ၀မှာ အေးချမ်းရုံသာမက အထက်တန်းကျကျ မျက်နှာပန်းပန်းလှလှ ဂုဏ်သိက္ခာရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်သည်။
လူ့ဘ၀တွင် ဂုဏ်သိက္ခာရှိစွာဖြင့် နေထိုင်ရန်အတွက် လိုက်နာကျင့်သုံးနေထိုင်ရမည့် ဘုရားရှင် ဟောကြားတော်မူခဲ့သော နည်းလမ်းကောင်းများသည် အောက်ပါအတိုင်းဖြစ်သည်-
၁။ မိမိကိုယ်တိုင် မပြုလုပ်ဖူးသေးသည့် မကောင်းမှု အကုသိုလ်တရားများကို မပြုလုပ်မိအောင် စောင့်ထိန်းခြင်း။
ဥပမာ-မိဘဆရာသမားများကိုပြစ်မှားခြင်း၊ ရတနာသုံးပါးကို ကိုယ်နှုတ်စိတ်တို့ဖြင့် ပြစ်မှားခြင်း၊ သံဃာသင်းခွဲခြင်း စသည်တို့သည် မကောင်းမှုအကုသိုလ်တရားများဖြစ်သည်။
၂။ မိမိကိုယ်တိုင်  လွန်ကျူးခဲ့ဖူးသည့် မကောင်းမှုအကုသိုလ်တရားများကို နောက်ထပ်မလွန်ကျူးအောင်          စောင့်ထိန်းခြင်း။
ဥပမာ-(၅)ပါးသီလ၊ (၈)ပါးသီလတရားတော်များကို ဖောက်ဖျက်ခဲ့ဖူးခြင်းတို့ကို ဆိုလိုပါသည်။
၃။ မိမိကိုယ်တိုင် မပြုလုပ်ဖူးသေးသည့် ကုသိုလ်ကောင်းမှု တရားများကို ကျင့်ကြံပြုလုပ်ခြင်း။
  ဥပမာ- သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာတရားများကို ပွားများအားထုတ်ခြင်း၊ ဝေယျာဝစ္စကုသိုလ်ပြု လုပ်ခြင်း၊ တရားတော်အဆုံးအမများကို နာယူခြင်းတို့ ဖြစ်သည်။
၎။ မိမိကိုယ်တိုင် ပြုလုပ်ခဲ့ဖူးသည့် ကုသိုလ်ကောင်းမှု တရားတော်များကို တိုးပွားအောင်ပြုလုပ်ခြင်း၊ ကြိုးစားအား ထုတ်ခြင်း။
ဥပမာ-ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တရားများကို တစ်ကြိမ်နှစ်ကြိမ်မျှသာ ကျင့်ကြံခြင်း မဟုတ် ပဲ မဂ်ဖိုလ်တရား မျက်မှောက်ပြုနိုင်သည့်တိုင်အောင် လိုက်နာကျင့်သုံးရမည်ကို ဆိုလိုသည်။
 ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုသူတိုင်း အထက်ပါတရားတော်များကို အမှန်တစ်ကယ် လက်တွေ့ကျင့်သုံးမှသာလျှင် လူ့ဘုံလောကလူ့ဘ၀တွင် အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် စိတ်အေးလက်အေးနှင့် နေထိုင်သွားရမည်ဖြစ်ကြောင်း တင်ပြရင်း ဘုရားရှင် ဟောကြာတော်မူခဲ့သည့် နည်းလမ်းများကျင့်ကြံပြီး ဂုဏ်သိက္ခာရှိစွာ နေထိုင်သွားနိုင်ပါစေ………………………………..

နန်းစင်ဖြွိုး

Powered by Blogger.