Friday, July 22, 2016

ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ အမှုဆောင်သစ်များတာဝန်ပေးအပ်ခြင်းနှင့် အဖွဲ့ဝင်များဖိတ်ခေါ်ခြင်း အခမ်းအနားက ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်



ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ ယာယီလစ်လပ်နေသောနေရာများကို အသစ်ပြန်လည်ခန့်အပ်တာဝန် ပေးခြင်းနှင့် ပါရမီဖွံဖြိုးရေးကွန်ယက်အနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောက်ရွက်ရာ၌ ပိုမိုတွင်ကျယ် လာစေရန် ရည်ရွယ်၍ ဒီကနေ့ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်၊ သောကြာနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ အမှုဆောင်သစ်များတာဝန် ပေးအပ်ခြင်းနှင့် အဖွဲ့ဝင်များ ဖိတ်ခေါ်ခြင်းအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ အမှုဆောင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနရုံးရှိ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောလူမူရေးအသင်းအဖွဲ့များနှင့် နိုင်ငံခြားသား လမ်းညွန်သူ(Tourist Guide)အဖွဲ့သားများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့၏ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ အမှုဆောင်သစ် (၉)ဦးကို တာဝန်ပေးအပ်ပြီး အဖွဲ့ဝင်(၃၀)ကျော် ပါဝင်လာခဲ့ကြောင်း သိရှိရပါသည်။
ငြိမ်းချမ်းရေးရယူသည့် ၁၉၉၁ခုနှစ် နောက်ပိုင်းတွင်  PNO အမည်နှင့်သာ ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ရာမှ ၂၀၁၂ခုနှစ်တွင် ပါရမီကွန်ယက်ဟု တရားဝင် ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ  ပြည်တွင်း၊ ပြည်ပ INGO၊ NGO အဖွဲ့ပေါင်း(၃၃)ကျော်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;




Powered by Blogger.