Saturday, July 9, 2016

မြို့နယ်အဆင့် ပအိုဝ်းအနုပညာသမားအချင်းချင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်




မြို့နယ်အဆင့် ဟိုပုံးမြို့နယ် ပအိုဝ်းအနုပညာသမားအချင်းချင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဒီကနေ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ ဖါလွိုင်ဗွေလွန်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် အနုပညာရှင်များအားလုံး ရင်းရင်းနှီးနှီး တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ခဲ့ကြပြီး အနုပညာရှင် ခွန်မို့နာ၊ ခွန်အောင်နိုင်တို့မှ ကြိုဆိုနှုတ်ဆက်စကားများပြောကြား၍ အနုပညာရှင်ခွန်နောင်းဝေးမှ အဖွင့်အမှာစကားပြောကြားကာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ရသည့် အကြောင်းရင်း၊ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထိုသို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးသွားရာတွင် မြို့နယ်အဆင့်စောင့်ကြည့်ရေးအဖွဲ့(သို့) မြို့နယ်အဆင့်ပအိုဝ်းအနုပညာရှင် အရည်အချင်းများမြှင့်တင်နိုင်ရန်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ရန်၊ မြို့နယ်အဖွဲ့အစည်းတံဆိပ်ပြုလုပ်နိုင်ရန်၊ အနုပညာသင်တန်း ထားရှိသင်ကြားပေးနိုင်ရန်၊ အနုပညာဂုဏ်ပြုလက်မှတ်ပေးအပ်နိုင်ရန်၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်၊ ဖြန့်ချိရေးကိစ္စအဆင်ပြေချောမွေ့စေရန်၊  အကယ်ဒမီဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ပေးနိုင်ရန်၊  ရံပုံငွေကိစ္စရှာဖွေနိုင်ရန်၊  ပအိုဝ်း FM/TV Chennal များပေါ်ထွက်လာနိုင်ရန်၊ ပရဟိတလုပ်ငန်းများ ပြုလုပ်သွားနိုင်ရန်၊ copy ခွေများ တားဆီးကာကွယ်နိုင်ရန်နှင့် အနည်းဆုံး (၆)လ တစ်ကြိမ် တွေ့ဆုံပွဲ ပြုလုပ်နိုင်ရန် စသည့်အကြောင်းအရာများကို တိုင်ပင်ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်အနုပညာရှင်များ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ ပင်လောင်း၊ဆီဆိုင် စသည့် အခြားမြို့နယ်တွေမှာလည်း ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း သိရှိရပါသည်။

ခွန်ခမ်းမိုးဦး

Powered by Blogger.