Saturday, July 9, 2016

ကနေဒါသံအမတ် Mark McDowellက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းခွင်အကြို ဆရာအတက်သင်ဒီပလိုမာသင်တန်းကျောင်းရှိ ကျောင်းသား/သူများနှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်





ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လုပ်ငန်းခွင်အကြို ဆရာအတက်သင် ဒီပလိုမာ သင်တန်းကျောင်းရှိ ကျောင်းသား/သူများကို ကနေဒါသံအမတ် Mark Dowellက ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်မှ ပြောကြားရာမှာ ၎င်းသင်တန်းကျောင်းဖွင့်လှစ်ခြင်းအားဖြင့် အနာဂါတ်ပညာရေးအတွက် ရရှိလာမည့်အကျိုးကျေးဇူးများ၊ မျှော်မှန်းချက်များ၊ လူငယ်များ၏အတွေးအခေါ်များ၊ ရသင့်ရထိုက်သော အလုပ်အကိုင်များ၊ လူငယ်အရည်အသွေးမြင့်မားလာအောင် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကနေဒါသံအမတ် Mark Dowell က ဒီလိုသင်တန်း ဖွင့်လှစ်နိုင်သည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုလိုလာရောက်လေ့လာခွင့်ရသည့်အတွက် အရမ်းဝမ်းသာမိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကနေဒါသံအမတ်က ၎င်းသင်တန်းကျောင်းရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံပြီ ကျောင်းသား/သူများ၏ အနာဂတ်ပညာရေးအခြေအနေ၊ ကနေဒါနိုင်ငံမှ သူ၏ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နန်းရက်ခမ်းထီ

Powered by Blogger.