Tuesday, August 9, 2016

ဂျပန်နိုင်ငံတွင် ပညာသင်ယူနိုင်ခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်သည့်ရှင်းလင်းဟောပြောပွဲအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၉) ရက်


၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၉) ရက်၊ အင်္ဂါနေ့ တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် Tokyo University of Social Welfare Myanmar Japanese Language Office တည်ထောင်ခြင်း(၄)နှစ်ပြည့်တည်ထောင်ခြင်းအခမ်းအနားနှင့် ဂျပန်နိုင်ငံတွင် ပညာသင်ယူနိုင်ခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်သည့်ရှင်းလင်းဟောပြောပွဲအခမ်းအနားကို နံနက်(၉း၃၀) အချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြကြောင်းသိရှိရပါသည်။
ရှေးဦးစွာ အခမ်းအနားကို တိုင်းရင်းသားရိုးရာအကများဖြစ်သော ရှမ်း၊ ပအိုဝ်း၊ ဓနု တိုင်းရင်းသား တို့အကအဖွဲ့မှ ကပြဖျော်ဖြေပေးခဲ့ပြီး တိုကျိုလှုမှုဖူလုံရေးတက္ကသိုလ် ဂျပန်မြန်မာဘာသာရုံးခန်း အုပ်ချုပ်ရေးမှူး ဒေါ်ကြူကြူနိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုကျိုလှုမှုဖူလုံရေး တက္ကသိုလ် ကျောင်း ဆရာကြီးများ နှင့် မိတ်ဆက်ပေးခြင်း၊ ဂျပန်နိုင်ငံတွင် ကျောင်းတက်ရောက်နိုင်ရန်နှင့် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် နာရိယာမှ ရှင်းလင်းတင်ပြပေးခြင်း၊ ထူးချွှန်ဆုရကျောင်းသား မောင်သော်ဇင်ထွန်း မှ ဂျပန်နိုင်ငံ၏ ကျောင်းတက်ရောက်မှုအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ကြ ကြောင်းသိရှိရပါသည်။
ထို့တက္ကသိုလ်ကျောင်းကိုတက်ရောက်နိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းအောင်သည်နှင့် အသက်(၁၈)နှစ်မှစသည်၍ ကျား/မ မရွေး သွားရောက်ပညာသင်ယူနိုင်ခြင်း၊ Language School တက်ရောက်ရန်နေထိုင်ခွင့်ဗီဇာအား ၂နှစ်၃လရရှိခြင်း၊ ပညာသင်ကြားနေချိန်အတွင်း စားဝတ်နေရေး အဆင်ပြေစေရန် အချိန်ပိုင်းအလုပ်တရားဝင်လုပ်ကိုင်ခွင့်ရှိခြင်း၊ ဂျပန်စာအရည်အချင်းပေါ်မူတည်၍ Language School,   College, University များသို့တက်ရောက်ခွင့်ရှိခြင်း၊ Tokyo University of Social Welfare ကျောင်းတော်ကြီးတည်ရှိရာ Campus များဖြစ်သော (Tokyo –Ikebukuro, Oji, Nagoya, Isesaky) Campus များသို့မိမိစိတ်ကြိုက်ရွေးချယ်၍ ပညာသင်သွားရောက်နိုင်ခွင့်ရှိခြင်း အထက်ပါ ၀န်ဆောင်မှုများအပြင် အခြားအထူးအထူးသော ၀န်ဆောင်မှုများမှာ ဂျပန်နိုင်ငံသို့မသွားရောက်မှီ မြန်မာနိုင်ငံတွင် ဂျပန်စာအခမဲ့လေ့ကျင့်သင်ကြားပေးခြင်း၊ ပညာသင်ရင်း အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပြီး အလုပ်အကိုင်မိတ်ဆက်ပေးခြင်း၊ နှစ်ရှည်ဗီဇာရရှိခြင်း၊ မိဘအုပ်ထိန်းသူများစိတ်ချမ်းသာမှုရရှိစေရန် ကျောင်းမှ အာမခံဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းနှင့်လေယာဉ်လက်မှတ်လက်ဆောင်ပေးခြင်း၊ အုပ်ချုပ် ရေးမှူးကိုယ်တိုင် ဂျပန်နိုင်ငံသို့လိုက်လံပို့ဆောင်ပေးပြီး ဂျပန်နိုင်ငံသို့ရောက်သောအခါ မြန်မာကျောင်းသား ၀န်ထမ်းများမှ နေထိုင်ရေး၊ ကျန်းမာရေးကဒ်ပြား၊ ဘဏ်ကဒ်ပြားများလုပ်ဆောင်ပေးခြင်း၊ တယ်လီဖုန်းဝယ် ပေးခြင်း၊ ၀န်ဆောင်မှုအစရှိသည်ဖြင့် အစစအရာရာလိုက်လံကူညီပေးခြင်း၊ ကျောင်းသား/သူများအား အထူးလက်ဆောင်အနေဖြင့် ဂျပန်နိုင်ငံရှိ ကမာကူရဘုရားနှင့် အထင်ကရနေရာများသို့ လိုက်လံပို့ဆောင် ပေးခြင်း စသည့်ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးလျက်ရှိ ကြောင်းသတင်းရရှိသည်။


နန်းရက်ခမ်းထီ

Powered by Blogger.