Thursday, August 18, 2016

ပအိုဝ်းဒေသကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်းနှင့် (Community Involved Tourism Pa-O Region) CIT နှင့် Miss International 2016 အဖွဲ့တို့၏စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်


 





တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ခဲကျေးရွာအုပ်စု၊ ထီနဲ့ကျေးရွာ၌ ဖော်ဆောင် လျက်ရှိသော CBT/CIT လုပ်ငန်းအခြေနေကို ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင် Miss Myanmar International 2016 အဖွဲ့မှ လာရောက်လေ့လာမှုများပြုလုပ်ခဲ့ပါသည်။
Miss Myanmar International 2016 အဖွဲ့များသည် အင်းလေးကန်အရှေ့ဘက်မှ ထီနဲ့ရွာသို့ ခြေကျင်လာရောက်ခဲ့ပြီး ဒေသခံပအိုဝ်းတိုင်းရင်းသားများမှ အိုးစည်၊ ဗုံမောင်း၊ ရိုးယာအကများဖြင့် ခရီးဦးကြိုဆိုခဲ့ပါသည်။ ရှေ့ဦးစွာ ဒေသခံပြည်သူများနှင့် Miss အဖွဲ့ဝင်များသည် ထီနဲ့ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်ပြီး အလှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပဓာနနာယကဆရာတော်ဘုရားကြီးထံ တွင် ငါးပါးသီလခံယူခဲ့ပါသည်။
ထို့နောက် Pa-O CIT မန်နေဂျာ ဦးခွန်ထွန်းဦးမှ ပအိုဝ်းဒေသသို့ ခရီးသွားလုပ်ငန်းဖြစ်ပေါ်လာပုံနှင့် ထီနဲ့ကျေးရွာတွင် ဆောင်ရွက်နေသော ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းအကြောင်းကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ Miss အဖွဲ့များနှင့် ဧည့်သည်တော်များကို ပအိုဝ်းရိုးရာအစားအစာ များဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။ ထို့နောက် ၄င်းMiss အဖွဲ့များကို ထီနဲ့ကျေးရွာရှိ ဒေသခံပြည်သူများ ၏ လူနေမှုအဆင့်အတန်း ဒေသထွက် ရိုးရာအထည်များ ရက်လုပ်ခြင်း၊ ၀ါးခြင်းတောင်းရက်လုပ်ခြင်း၊ သနက်ဖက်လှော်ခြင်းအစရှိသည့် လုပ်ငန်းများကို လေ့လာမှုများပြုလုပ်ခဲ့ပါသည်။
ထို့နောက် ထီနဲ့ကျေးရွာတောင်ဘက်ရှိ တောင်ပေါ်နေရာတွင် နိုင်ငံခြားသားများ တည်းခိုနိုင်အောင် ဆောက်လုပ်နေသော Community House အဆောက်အဦးသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့အပြင် ၄င်းတောင်ပေါ်ပတ်ဝန်းကျင်တွင် Miss Myanmar International 2016 အဖွဲ့နှင့် ပအိုဝ်း ဒေသခံပြည်သူတို့ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း စသည့်လှုပ်ရှားမှုများ ပြုလုပ်သွားခဲ့ပါသည်။

KAT
Powered by Blogger.