Monday, August 15, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပီတိဆရာကွန်ရက်(PTTN)နှင့် အထက-ပလီလင်း ကျောင်းကော်မတီတို့ ပူးပေါင်း၍ English Four Skills ပညာဒါနသင်တန်း စတင်ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်



၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၄)ရက်၊ နံနက်(၉း၃၀)အချိန်တွင် တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ အထက-ပလီလင်း စာသင်ကျောင်း၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပီတိဆရာကွန်ရက်(PTTN)နှင့် အထက-ပလီလင်း ကျောင်းကော်မတီ တို့ပူးပေါင်း၍ English Four Skill ပညာဒါနသင်တန်းကို အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ဖွင့်လှစ်ပွဲအခမ်းအနားကို အထက-ပလီလင်းမှ (၉)တန်းနှင့်(၈)တန်းကျောင်းသားကျောင်းသူပေါင်း(၁၀၉)ဦး၊ ပလီလင်းကျောင်းကော်မတီဝင်များ၊ ကျေးရွာ ဥက္ကဌများ၊ ပီတိဆရာကွန်ရက်အဖွဲ့ဝင်ဆရာ/ဆရာမများ တက်ရောက်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တောင်ကြီးမြို့နယ်၊ ပါတီအတွင်းရေးမှူး၊ ဦးခွန်ထွန်းဇံမှ ယခုလို ကျောင်းသူကျောင်းသားများအနေဖြင့် ယခုခေတ် အလွန်အရေးပါနေသည့် အင်္ဂလိပ် ဘာသာသင်တန်းကို လေ့လာသင်ယူကြရာတွင် မပျက်မကွက်ဘဲ အချိန်အမှန်မှန် သင်တန်း တက်ရောက် ကြရန် ကျောင်းသားကျောင်းသူများအား မှာကြားလိုကြောင်း အဖွင့်အမှာစကား ပြောကြားသွားသည်။ ယခုလို ပညာဒါနအဖြစ် English Four Skills သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ကျောင်းသား ကျောင်းသူများ၏အင်္ဂလိပ်ဘာသာစကား အပြော၊ အရေး၊ အဖတ်၊ နားထောင်သည့်စွမ်းရည်များ မြှင့်တင်ရာတွင် တတ်သမျှ ကူညီလိုသောကြောင့် ဤပညာဒါနအင်္ဂလိပ် သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု ဆရာခွန်ကြည်(ပီတိဆရာကွန်ရက်)မှ ပြောကြားခဲ့သည်။  ရပ်မိရပ်ဖများကိုယ်စား နန်းဟူး ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်စိန်မှ ပြောကြားရာတွင် ယခုလို မိမိတို့ရပ်ရွာအရောက် လူငယ်ကျောင်းသူကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာသင်တန်း သင်ကြားပေးသည်မှာ ယခုအကြိမ် သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုလို လာရောက် သင်ကြားပေးသော ပီတိဆရာကွန်ရက် အားအထူးကျေးဇူးတင်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ယခုအချိန်သည် အခွင့်ထူး အခါထူးကိုရရှိနေပြီဖြစ်၍ အင်္ဂလိပ်ဘာသာလေ့လာ သင်ယူရာ တွင် အစွမ်းကုန်ကြိုးစားသွားကြရန် အားပေး လိုပါကြောင်း ပြောကြားသွားပါသည်။ အဆိုပါ သင်တန်းသည် အပတ်စဉ်တနင်္ဂနွေနေ့ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သုံးလတိတိ အထက-ပလီလင်း၊ (၉)တန်းနှင့် (၈)တန်းကျောင်းသားကျောင်းသူ များအား ပညာဒါနအဖြစ် သင်ကြားပေးသွားမည်ဟု ဆရာခွန်ကြည်(ပီတိဆရာကွန်ရက်)မှ သိရှိရသည်။ ထိုသင်တန်းတွင် သင်တန်းသူသင်တန်းသား စုစုပေါင်း (၁၀၉)ဦးရှိရာ အခန်း(၄)ခန်းခွဲ၍ သင်ကြားပေးနေ သည်ကို တွေ့ရှိခဲ့ရသည်။

ခွန်ဖုံထံယံဟိတ်

Powered by Blogger.