Monday, September 12, 2016

တောင်ကြီးမြို့နယ်၊နားဘောင်စံပြကျေးရွာ နားဘောင်ဈေးဝင်းအတွင်း ပထမအကြိမ်-အလွတ်တန်း ဘော်လီ ဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်




အထူးဒေသ(၆)၊ တောင်ကြီးခရိုင် ကန်တော်ကြီးမြို့နယ် နားဘောင်စံပြကျေးရွာ နားဘောင်ဈေးဝင်းအတွင်းတွင် ပထမအကြိမ် ပအိုဝ်းအမျိုးသားပိုင် ကန်တော်ကြီး(နားဘောင်)ဈေးကော်မတီဖလား ဒေသပေါင်းစုံ အလွတ် တန်းဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲနှင့် ဒေသတွင်း ပိုက်ကျော်ခြင်းအလွတ်တန်းပြိုင်ပွဲကို နားဘောင်ဈေးနေ့တိုင်း (၁၇-၈-၂၀၁၆)မှ (၁၅-၁၀-၂၀၁၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် ကန်တော်ကြီး(နားဘောင်ဈေး)ကော်မတီဥက္ကဌ ဦးခွန်ဘိနှင့် အတွင်းရေးမှူး ဦးခွန်ပုတို့မှ ဦးဆောင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေး၊ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်လျှက် ပထမအကြိမ် ကန်တော်ကြီး(နားဘောင်)ဈေးကော်မတီဖလား အားကစားပြိုင်ပွဲများကို ကျင်းပ ပေးလျက်ရှိပြီး၊ နောက်နောင်တွင် ဘောလုံးပြိုင်ပွဲများ ပါဝင်ကျင်းပနိုင်ရန်အတွက် ရည်ရွယ်ပြီး နားဘောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ ဦးခွန်ဖြူတို့မှ အားကစားကွင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကွင်းနှင့် ခန်းမဆောင် များကို အလှူရှင်များနှင့် ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့်(၃)လပိုင်း-၂၀၁၆-ခုနှစ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
ပထမအကြိမ် ပအိုဝ်းအမျိုးသားပိုင် ကန်တော်ကြီး(နားဘောင်) ဈေးကော်မတီ ဖလားဖိတ်ခေါ် ဘော်လီဘော ပြိုင်ပွဲတွင် ပထမဆုကိုကျပ်သုံးသိန်း၊ ဒုတိယဆုကိုကျပ်နှစ်သိန်း ဆုချီးမြှင့်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲတစ်သင်း၏ အသင်းဝင်ကြေးမှာ တစ်သောင်းကျပ်ဖြစ်သည်။ ဒေသအတွင်းပိုက်ကျော်ခြင်း အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုကို ကျပ်ရှစ်သောင်း၊ ဒုတိယဆုကိုကျပ်ငါးသောင်း၊ တတိယဆုကိုကျပ်သုံးသောင်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရှိရပါသည်။
နားဘောင်ဈေးနေ့တိုင်း ပုံမှန်ကျင်းပလျက်ရှိသော အလွတ်တန်းဘော်လီဘောပြိုင်ပွဲကို မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး နှစ်စဉ်နှစ်တိုင်း ၀ါတွင်းသုံးလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.