Tuesday, October 11, 2016

မြန်မာ-နယ်သာလန် နှစ်နိုင်ငံပူးပေါင်းပြီး အာလူးစိုက်တောင်သူများအား အာလူးစမ်းသပ်ကွက်ပြပွဲနှင့် ပညာပေးပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်





၂၀၁၆-ခုနှစ် အောက်တိုဘာလ ၁၁ရက်နေ့ နံက်၈း၀၀နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဟဲဟိုးမြို့တွင် ပထမအကြိမ် အာလူးစိုက်တောင်သူများ ဖိတ်ခေါ်သရုပ်ပြပွဲနှင့် အာလူးစိုက်စမ်းသပ်ကွက်ပညာပေးပွဲကို မြန်မာ-နယ်သာလန် အာလူးကျွမ်းကျင်ပညာရှင်များမှ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
အခမ်းအနားတွင် လေ့လာသူများ မှတ်တမ်းလက်မှတ်ရေးထိုးခြင်း မှတ်တမ်းစာအုပ်ငယ် လက်ကမ်းစာစောင် အစားအသောက်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားဖွင့်လှစ်ရာမှာ အာလူးစမ်းသပ်ကွက်နှင့်ပတ်သက်ပြီး ဒုပြည်နယ်ဦးစီးမှူး ဦးလှိုင်မင်းထွန်းမှ အဖွင့်အမှာစကားပြောကြားပေးခြင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်မှ၎င်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းထိုက်မှလည်းကောင်း နယ်သာလန်နိုင်ငံမှ အာလူးကျွမ်းကျင်ပညာရှင် မစ္စတာဖရန့်တာဗီး တို့က သင်တန်းဖွင့်ရခြင်းနှင့် သင်တန်းတွင် လုပ်ဆောင်ခဲ့သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အာလူးစမ်းသပ်ကွက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် အာလူးများကို နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် အရည်အသွေးပြည့်မည်သော အာလူးများကို ထုတ်လုပ်နိုင်ရန် ရည်ရွယ်လျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ အာလူးစမ်းသပ်ကွက်တွင် မျိုးပေါင်း(၁၈)မျိုး စမ်းသပ်စိုက်ပျိုးခဲ့ကြပြီး ဒေသခံမိဘပြည်သူများ ၅၀၀ ကျော် တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.