Friday, October 7, 2016

မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်






၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်၊ သောကြာနေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါအခန်းအနား၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဌ ဦးခွန်စံလွင်မှ အဖွင့်စကား ပြောကြားရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံကိန်းများ၏ ရည်ရွယ်ချက် သည် (က) အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချရန်၊ (ခ) တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အဟာရပြည့်ဝစေရန်၊  (ဂ) ကျေးလက်အခြေခံ အဆောက်အဦးများ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးစေရန် (ဃ) လည်ပတ်ရန်ပုံငွေ စနစ်တွင် အဖွဲ့မှ သဘောတူသော အတိုးငွေထည့်ဝင်ခြင်းအား ကျေးရွာဖွံ့ဖြိုးရေး၊ ကျေးရွာ၏ လိုအပ်ချက်နှင့် အခက်အခဲများကို အောင်မြင်စွာဖြင့် ဖြေရှင်းလာနိုင်စေရန် စသည့်ရည်ရွယ်ချက်များ ဖြင့်ပေးအပ်ခဲ့ကြောင်း၊ ဟိုပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် (၁) ယူနစ်လျှင် တစ်ရွာ ငွေကျပ် သိန်း(၃၀၀)၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် (၁၇)ယူနစ် (၁၈) ရွာ ငွေကျပ်သိန်းပေါင်း (၅၁၀၀) တို့ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာယူနစ် (၁၁)ယူနစ်၊ ကျေးရွာပေါင်း (၁၄) ရွာတို့ကို တစ်ယူနစ်လျှင် ကျပ်သိန်း (၃၃၀၀) နှုန်းကို မတည်လည်ပတ်ရန်ပုံငွေအဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်မှ မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်သော ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ မြစိမ်းရောင်စီမံကိန်းကျေးရွာ (၁၁)ယူနစ် (၁၄)ရွာကို ရန်ပုံငွေ လွဲပြောင်းပေးအပ်ခဲ့ပြီး ဘောကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာမှ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးခွန်ကျော်အောင်မှ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
ထိုအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွတ်တော် ဦးခွန်လှသိန်း၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ဦးခွန်မောင်ပယ်၊ ဟိုးပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးခွန်မောင်ဖြူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် စသည့်တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ (၁၀၀)ခန့် တက်ရောက်ကြောင်း သိရရှိပါသည်။

နန်းရက်ခွိုမူးပေ

Powered by Blogger.