၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် နံနက် (၆)နာရီအချိန်တွင် တောင်ကြီးမြို့ အထက (၆)မှ အရှေ့မြို့ပတ်လမ်းအတိုင်း ဗိုလ်ချုပ်ပန်းခြံအထိ “မသန်းစွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်းဖော်ဆောင်ရေး လှုပ်ရှားမှု” ကို Wheel chair အစီး (၂၀)များဖြင့် လမ်းလျှောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဌာနဆိုင်ရာဝန်ကြီးများ တတ်ရောက်ခဲ့ကြကြောင်း၊ ရှမ်းပြည်နယ်ဝန်းကြီးချုပ် ဒေါက်တာလင်းထွဋ်က မသန်စွမ်းသူများ အတွက်အားပေးစကားပြောကြားခဲ့ကြောင်း၊ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်ဖော်ဆောင်ရေးလှုပ်ရှားမှုကို Morning Star ၊ New Life ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ၊ သူငယ်တော်ယေဇူး မသန်စွမ်းနှင့်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဘုရားဖြူ တို့အဖွဲ့ (၄)ဖွဲ့များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ “ယခုလိုမသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်ဖော်ဆောင်ရေးလှုပ်ရှားမှု ကျင်းပရခြင်းသည် Mention to Equality မသန်စွမ်းသူများအားလုံး သာမာန်လူသားများနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိပြီး မိမိဘ၀မိမိရပ်တည်နိုင်ရန်ဟူသော ဆောင်ပုဒ်များဖြင့်လည်းကောင်း၊ မသန်စွမ်းသူများ မိမိဘ၀ မိမိရပ်တည်နိုင်ရန်အတွက် ပညာ ၊ ဗဟုသုတရရှိစေရေး ၊ ကျန်းမာစွာနေထိုင်နိုင်ရေး ၊ လှုမှုဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေး၊ လက်မှုလုပ်ငန်းများဖြင့်အသက်မွေးနိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” Morning Star ဥက္ကဌ ဒေါ်သန်းနွယ်အောင် ကပြောကြားခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုများကို Miss Innlay Organization အဖွဲ့များသည်လည်း တက်ရောက်အားပေးခဲ့ကြောင်း ၊ တက်ရောက်သူဦးရေ (၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ခမ်းမျင်းမိုရ်း
Like On Facebook
Follow On Twitter
Subscribe On RSS